Uni
ရိပေါ် နိုးလာတော့ တွေ့လိုက်ရတာက မျက်နှာကျက် အဖြူရောင် သူ့က်ိုယ်သူပြန်ကြည့်တော့ ညက အင်္ကျီမဟုတ် သူနဲ့ ကြီးနေလို့ သူ့အင်္ကျီမဟုတ်မှန်းလည်းသိလိုက်ပြီ
**ဟင် ငါဘယ်ရောက်နေတာလဲ ဒါငါ့အခန်းမဟုတ်ပါဘူး ကျိလေး ငါ့ကို ဘယ်ခေါ်လာတာလဲ**
"နိုးလာပြီလား ရိပေါ်"
"ဟင် မင်း ရှောင်းးးးရှောင်းကျန့် ဘယ်လိုဖြစ်"
ရှောင်းကျန့်က ယုန်သွားလေးတွေပေါ်အောင်ပြုံးပြပြီး
"ညက မင်းမူးပြီးနံရံနဲ့ဆောင့်မိတာ
မေ့သွားလို့ ကိုယ့်အိမ်ကိုပဲခေါ်လာလိုက်တာ""ဒါမင်းအိမ်လား မင်းကဘာလို့ငါ့ကိုခေါ်လာတာလဲ ကျိယန်ရော ကျိယန် ငါအိမ်ပြန်မယ် ငါ့ဖုန်း ငါ့ဖုန်းရော"
"ဖုန်းက စားပွဲပေါ်မှာ မနက်စာ စားပြီးမှ ပြန်လေ ဒီနေ့တစ်မနက်လုံးအားတယ်မှတ်လား "
"ရတယ် ရတယ် အိမ်ပြန်ပြီးပဲစားလိုက်မယ် ဒါနဲ့ အင်္ကျီတွေက မင်းလဲပေးထားတာလား"
"အင်းဟုတ်တယ် က်ိုယ့် အင်္ကျီတွေ မင်းနဲ့ နည်းနည်းတော့ကြီးတယ်"
ရိပေါ်ချက်ချင်း မျက်နှာတွေရဲလာသည် သူ့ကို ရှောင်းကျန့်က အင်္ကျီလဲပေးထားတာတဲ့ အာနောက်ညကသူမူးပြီး ဖြစ်ပျက်နေတာတွေ သတိပြန်ရလာတယ် နည်းတဲ့ အရှက်ကွဲပုံလား
ဖုန်းကိုယူပြီး ကျိယန်ဆီ ဖုန်းဆက်လိုက်သည်"ကျိလေး မင်း"
(ညက ငါ့မားအသဲအသည်ဖြစ်လို့ ပြန်သွားရတာ ဝမ်ဝမ် အဲ့ဒါကြောင့် ရှောင်းကျန့်ကို အကူညီတောင်းပြီး မင်းကို ခေါ်သွားခိုင်းလိုက်တာ အဆင်ပြေတယ်မှတ်လား နေ့လယ်မှ ရိုက်ကွင်းတစ်ခုရှိတယ် မနက်ပိုင်းတော့ မင်းအားတယ် ရှောင်းကျန့်ကို ကျေးဇူးတင်တယ် ပြောလိုက်ဦး နေ့လယ်11မှ ငါလာခေါ်မယ် )
ရိပေါ်ဘာမှတောင်မပြောရသေး ကျိယန်ရဲ့ ရေပက်မဝင်စကားထဲတိုးမပေါက် ကျိယန်ကတော့ မလှိမ့်တစ်ပတ်လုပ်ပြီ ရိပေါ်တော့ မသိရှာ
"အေအေ မင်းမား သက်သာလား"
"အင်းသက်သာတယ် မင်းလည်းအေးဆေးနားလေ ညက မူးထားတယ်မှတ်လား အိမ်မပြန်လာနဲ့တော့ ရှောင်းကျန့်အိမ်မှာပဲနေ ပင်ပန်းတယ် မင်းတစ်ယောက်တည်းပြန်လာလည်းအဆင်မပြေဘူး ငါလည်းလာမကြိုနိုင်ဘူးအခု ဒါပဲဟာ ဒါပဲ"
ESTÁS LEYENDO
Rivalry(ယှဥ်ပြိုင်ဘက်)
Fanfic[Unicode]ဝမျရိပေါျ မငျးက ငါ့ပွိုငျဘကျမဟုတျဘူး ငါ့ကိုလာမယှဉျနဲ့ Xiao Zhan ရှောငျးကနြ့ျ တဈနေ့နေ့တော့ မငျးအပွုံးတှေ ရှုံးဖို့ပွငျထားပါ Wang Yibo [Zawgyi]ဝမ်ရိပေါ် မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး ငါ့ကိုလာမယှဉ်နဲ့ ...