Uni
"အင့် အဲ အူဝဲ အူဝဲ"
ည ၁၀နာရီလောက်မှာ ရှောင်းဝမ်လေးက သေးပေါက်ချပြီး စိုနေ၍ ထငိုလေသည် အအိပ်ဆတ်တဲ့ရိပေါ်က ကလေးငို သံကြားပြီး နိုးလာသည်
"ဟင် သားလေးငိုနေတယ် bunny bunnyထစမ်း ထစမ်း"
ရိပေါ်လည်း ရှောင်းကျန့်ကို နှိုးရင်း ကလေးအနှီး လဲပေးလိုက်သည် နို့ဘူးလေးပါ တိုက်လိုက်သည်ရှောင်းကျန့်ကတော့
"အင်းး ဘာလဲ ဝမ်ငယ်ရာ အိပ်နေတာကို"
"ထစမ်း သားလေး နိုးနေပြီ ကျွတ် ကျွတ် ကျွတ်"
"ဟင် ဟုတ်လား ဟီး Sorry ကို အိပ်ပျော်သွားလို့ မနိုးလိုက်ဘူး"
"အေး မနိုးနဲ့ သေနေ သားလေးက သေးပေါက်ချပြီး ငိုနေတာ ငါအနှီးလဲပြီးသွားပြီ"
"ဟီးး နောက်ခါ ဆို ကိုထမယ်နော် အခုက လုံးဝ မနိုးလိုက်လို့ပါ"
"မပြောချင် ဘူး တာဝန်ခွဲထားလည်း ငါပဲ ထနေရတယ်"
"တစ်ခါတည်းက ပေါက်စီလုံးလေရာ ပြန်အိပ် ပြန် အိပ် သားလေးလည်း အိပ်နေပြီ"
"အင်း"
ရိပေါ်လည်းလှဲပြီး ပြန်အိပ်လိုက်သည် သူတို့၃ယောက်လုံး ပြန်အိပ်ပျော်သွားကြသည်
သန်းခေါင်ယံ ၁၂နာရီ"အင့် အဲ အင့်"
"ဟင် သားလေး သေးပေါက်ချပြန်ပြီလား"
ဒီတစ်ခါလည်း ရိပေါ်ပဲ နိုးလာတာပါ ရှောင်းကျန့်ကို ကြည့်လိုက်တော့ ခြေကားယား လက်ကားယား ဖြင့် အိပ်နေသည် ခုတင်တစ်ခြမ်းက သူအပိုင်ယူထားပြီး ရိပေါ်နဲ့သားလေးက ခုတင် တစ်ခြမ်းမှာ ဖြစ်နေသည် ရိပေါ်လည်း မနှိုးတော့ဘဲ ကလေးက််ို သူပဲ အနှီးလဲပေးလိုက်သည်
ထိုတစ်ညလုံး ကလေးက ၆ခါလောက်သေးပေါက်ချ၍ နို့ဆာ၍နိုးသည် ကလေးနိုးတိုင်း ရိပေါ်ပဲ ထရသည် ရှောင်းကျန့်ကတော့ တုန့်တုန့်မျှမလှုပ် ရိပေါ်လည်း အိပ်ရေးပျက်၍ မနက်ရောက်မှ ကောင်းကောင်းအိပ်ပျော်သည်"ဝမ်ငယ် ပေါက်စီလုံးလေးရေ ထပါဦး"
"အင်း ဘာဖြစ်တာလဲ bunnyရာ ငါတစ်ညလုံး မအိပ်ရဘူး ကောင်းကောင်းပေးအိပ်ပါကွာ"
ESTÁS LEYENDO
Rivalry(ယှဥ်ပြိုင်ဘက်)
Fanfic[Unicode]ဝမျရိပေါျ မငျးက ငါ့ပွိုငျဘကျမဟုတျဘူး ငါ့ကိုလာမယှဉျနဲ့ Xiao Zhan ရှောငျးကနြ့ျ တဈနေ့နေ့တော့ မငျးအပွုံးတှေ ရှုံးဖို့ပွငျထားပါ Wang Yibo [Zawgyi]ဝမ်ရိပေါ် မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး ငါ့ကိုလာမယှဉ်နဲ့ ...