❤️(15)💚

6.3K 465 6
                                    

Uni

ရှောင်းကျန့်တို့နောက်နေ့ရောက်တော့ တိုကျိုမြို့ကို လိုက်ပတ်ကြပြီး ညဘက်Flightနဲ့ တရုတ်ပြည်ပြန်လာကြတယ်
ရိပေါ်နဲ့ရှောင်းကျန့်တွဲနေတာကို ကျိုးချန်နဲ့ဟောက်ရွှမ်းတို့သိပြီး ဝမ်းသာနေကြတယ် ဖြစ်သင့်တာကြာပြီလေ ရိပေါ်ရဲ့တားမြစ်ချက်ကြောင့် ရှောင်းကျန့်မှာ တရားဝင်မကြေငြာရဘူး အတွင်းလူတွေသာသိတဲ့ သူတို့ နှစ်ယောက်အကြောင်းဟာ ဝမ်မားကလွဲပြီး ဝမ်ပါးရော ရှောင်းကျန့်မိဘတွေပါမသိကြ အတွင်းလူတွေ နှုတ်လုံမှုကြောင့်လည်းပါသည်  အခုဆိုသူတို့တွဲတာတစ်လရှိပြီ
ရှောင်းကျန့် ရုံးခန်းထဲ အလုပ်လုပ်နေစဥ် ဖုန်းဝင်လာသည်

"CEO ဧည့်သည်ရောက်နေပါတယ်ရှင်"

"အေး ငါ့အခန်းထဲကိုလွှတ်လိုက်"

"ဟုတ်ကဲ့"

ရှောင်းကျန့်လည်း ဖုန်းချပြီး စားရင်တွေစစ်နေသည် သူဒီစာရင်းစစ်ပြီးရင် ရိပေါ် ရိုက်ကွင်းက်ို လ်ိုက်သွားပြီးနေ့လယ်စာ အတူတူစားမည်ဟုတွေးထားသည်

"ကျန့်"

"ဟင်"

ရှောင်းကျန့် အံ့ဩသွားကာ စွံ့အနေမိသည်

"ကျန့် ငါ့ကိုမမှတ်မိတော့ဘူးလား ပြူးပြီးကြည့်နေတာ"

"ရန်ရှီ"

"အာ မှတ်မိသားပဲ နှစ်တွေကြာပြီဆိုတော့ မမှတ်မိတော့ဘူးလားလို့"

"မဟုတ်ပါဘူး"

"၃နှစ်တောင်ရှိပြီ နော် နင်အရမ်းချောလာတယ် အရင်ကထက် ပို ရင့်ကျက်လာသလိုပဲ"

"အင်း"

"ငါ နင့်ကို လမ်းခွဲ ခဲ့မိတာ မှားပြီထင်တယ် အခုလို ပြန်တွေ့ရတော့ ငါနောင်တတောင်ရမိတယ် ကျန့်"

"ပြီးတဲ့ ကိစ္စတွေပြန်မပြောနဲ့ ခုလာရင်းကိစ္စသာပြော"

"ဟယ်နင်ကလည်း ငါ မနေ့ညကမှ ပြန်ရောက်တာ နင့်ကို တွေ့ချင်လွန်းအားကြီးလို့ လာတွေ့တာ လက်ဆောင်လည်းပါတယ်"

"မလိုဘူး လက်ဆောင် လာရင်း ကိစ္စက ဒါပဲ မဟုတ်လား ပြန်တော့လေ ငါ အလုပ်ရှိတယ်"

Rivalry(ယှဥ်ပြိုင်ဘက်)Opowieści tętniące życiem. Odkryj je teraz