Episode (4)

10.4K 969 128
                                    

Uni
13နှစ်ကြာသော်

အချိန်တေဟာတရွေ့နဲ့ကုန်ဆုံးခဲ့ကာနှစ်ဟောင်း
ပြီးနှစ်သစ်ကူးကာအေးချမ်းစွာပွင့်ဖူးတဲ့နှင်းပန်းတို့
ကြွေပြီးလှပတဲ့နွေဦးပန်းတေပွင့်လာခဲ့ပြီ။

ဘာလိုလိုနဲ့13နှစ်ကြာခဲ့ပြီ။ ကျွန်တော်ကတော့jeon
ကုမ္ပဏီရဲ့CEO တယောက်ဖစ်လာခဲ့ပြီ။ အသက်27
နှစ်ဆိုတဲ့ရင့်ကျက်တဲ့လူကြီးတယောက်ဖစ်လာခဲ့သည်။
သိူ့သော်ကလေးထိန်းရာထူးကတော့ရှိနေမြဲ။ လွန်ခဲ့တဲ့
နှစ်ကကျွန်တော့အိမ်ကိုရောက်လာတဲ့kim taehyung
ဆိုတဲ့ကောင်ဆိုးလေးကိုထိန်းနေရတုန်း။

ကောင်လေးကနှစ်တေအကြာကြီးဆိုတော့သူလည်းပြောင်း
လဲခဲ့တယ်။ အသက်18နှစ်နဲ့law တက်နေတာလေ။
ရှေ့နေလောင်းလေးခုထိလည်းကလေးဆန်တုန်း။
ဒါပင်မဲ့ငယ်ငယ်တုန်းနဲ့မတူတော့တာကချစ်စရာကလေး
လေးကအရမ်းလှတဲ့လူပျိုပေါက်လေးဖစ်လာတာဘဲ။

"အစည်းအဝေးကဒီလောက်ပါဘဲ။ "

Jeon ကုမ္ပဏီသစ်ရဲ့ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွက်
အစည်းအဝေးကအောင်မြင်စွာပြီးသွားသည်။အားလုံးက
အသီးသီးထွက်သွားကြသည်။ မထွက်နိုင်သူက

"jeon ဒီနေ့အားလား"

အနားကိုရောက်လာတဲ့လီမင်ယူ။ သူကဒီကုမ္ပဏီက
ဒါရိုက်တာချုပ်ပါ။ ဖေဖေ့မိတ်ဆွေရဲ့သူငယ်ချင်းလေ။
သူကပိန်ပိန်ပါးပါးနဲ့လှပါတယ်။ သို့သော်ကိုယ်ကစိတ်
မဝင်စားသူကတော့လက်မလျှော့အမြဲကပ်နေတာဘဲ။

"မအားမင်ယူရဲ့"

"ဘာလိူ့လဲကွာတို့ကညစာဖတ်ကျွေးချင်လို့ကို"

"ကိုယ်တကယ်မအားလိူ့ပါ။ "

"jeon ကလည်းကွာ"

ပြောရင်းသူမရဲ့လက်တေကအနည်းငယ်ပြည်နေတဲ့နက်ခ်တိုင်ကို
ပြန်ပြင်ပေးဖို့လုပ်လိုက်တဲ့ချိန်

"မအားတဲ့သူတယောက်ကိုအဲ့လောက်ဇွတ်ခေါ်နေတာ
အမကရောတော်တော်အားနေလား။ "

နောက်ကျောဘက်ကအသံထွက်လာတဲ့အသံကြောင့်
နှစ်ယောက်လုံးလှည့်ကြည့်လိုက်တော့တံခါးဝမှာ
မှီနေတဲ့taehyung ။လွယ်အိတ်ကလေးနဲ့ကျောင်း
ဝတ်စုံတော့မချွတ်ရသေးပုံထောက်ရင်ကျောင်းဆင်း
လာတာဘဲ။

Yes Ko Ko But Sorry✔Where stories live. Discover now