Eposide (10)

7.7K 705 147
                                    

Uni
ပျော်ရွှင်မှုပြီးရင်ပျော်ရွှင်မှုမဟုတ်တဲ့ငိုကြွေးခြင်းတေရဲ့
အဆုံးကိုသာလှမ်းမြင်ခဲ့ရင်ဒီအချစ်ကိုရပ်တန့်ကောင်း
ရပ်တန့်မှာပါ။သိူ့သော်လည်းကံကြမ္မာရဲ့မျက်လှည့်တေ
ကြားမှာလူတိုင်းကလှည့်စားမှုကိုယ်စီနဲ့နာကျင်ရစမြဲပါ။

ဒီနေ့မှအမြဲတမ်းပြာလဲ့နေတဲ့ကောင်းကင်ကြီးကမိုးသား
တိမ်တိုက်တေနဲ့မဲမှောင်လာသည်။မနက်ဖြန်Uniတက်
ရတော့မှာမို့ဖောင်လာဖြည့်ပါတယ်ဆိုမှမိုးကဖြုန်းစား
ကြီးအုံ့လာတော့အလုပ်မအားတဲ့ကိုကို့ကိုသာအားနာ
ပါးနာနဲ့ဘဲအပူကပ်ရတော့မည်။

"Helloကိုကိုရေယောင်းလေးကျောင်းမှာဖောင်ဖြည့်
ရင်းမိုးအုံ့လာလို့ကိုကိုလာခေါ်လို့ရမလား"

"............."

"jiminနဲ့အတူလာပင်မဲ့yoongi hyungကခေါ်သွား
လိူ့ခုတယောက်တည်း။"

".............."

"ommအဲ့ဆိုဒါဘဲမြန်မြန်လာနော်ကိုကို"

ပြောရင်းဆက်သွယ်မှုလိုင်းလေးကတိကနဲပြတ်တောက်
သွားသည်။

တဖြည်းဖြည်းနဲ့ပတ်ဝန်းကျင်ကလူပြတ်လာပြီးမိုးဖွဲ
လေးတေကမြေပေါ်ကိုသက်ဆင်းလာသည်။တဖြည်း
ဖြည်းနဲ့တိုက်လာတဲ့လေချမ်းတေကကျွန်တော့အကျႌ
အနွေးနဲ့မလုံလောက်။အရ်းလည်းအေးတာမိူ့ဒူးလေးကို
ပိုက်ကာကိုကိုအလာကိုစောင့်နေမသိသည်။

"ကလေးငယ်"

"ကိုကို"

ကိုကိုကမိုးဖွဲလေးတေကြားမှာပြေးလာပြီးကျွန်တော့
ကိုသူ့ရဲ့ကုတ်အရှည်ကြီးကိုခြုံပေးလိုက်သည်။

"ဆွယ်တာပါးပါးလေးနဲ့အအေးပတ်တော့မှာဘဲ"

"ဟီးဟီးကိုကိုကလည်း"

နောက်တော့ကားရှိရာကိုပြန်ဖို့လုပ်ပင်မဲ့လည်း
သဲကြီးမဲကြီးရွာချလာတဲ့မိုးကြောင့်ကားဆီကို
မသွားဖစ်ဘဲမိုးတိတ်အောင်စောင့်နေမိကြသည်။

ကိုကို့ရင်ခွင်ကိုမှီရင်းမိုးတိတ်အောင်စောင့်နေမိသည်။
ကိုကို့ရင်ခွင်ရဲ့အနွေးဓာတ်ကြောင့်လေအေးတေက
ကျွန်တော့ကိုမထိုးဖောက်နိုင်။ကိုကိုကတင်းနေအောင်
ဖက်ထားတာမို့ကျွန်တော့တွက်တော်တော်နွေးထွေး
နေသည်။ကိုကိုကကျွန်တော့တွက်တကယ့်ကိုနွေး
ထွေးမှုပင်။

Yes Ko Ko But Sorry✔Where stories live. Discover now