Uni
"ကျွီ..ဒုန်း..ဝုနူ်း""ကိုကို"
ကိုကိုဆိုတဲ့နာမ်စားလေးသုံးကာခေါ်လိုက်တဲ့
ကောင်လေးအသံတေကြာပင်မဲ့အရာအားလုံးဟာ
နောက်ကျခဲ့သည်။မျက်စိစုံမှိတ်ရင်းလွင့်ထွက်သွား
တဲ့အဖြူရောင်အရိပ်ကလေးကလမ်းမထပ်က
သွေးအိုင်ငယ်လေးထဲမှာလဲကျလျက်။"ကို..ကိုကို.."
"ယောင်းငယ်ကလေးငယ်"
သွေးအိုင်ထဲလဲကျနေတဲ့ ကောင်လးကအပြုံးတေ
နဲ့ပြုံးပြလာသည်။"wae!! ဘာလို့ဒီလိုလုပ်ရတာလဲကွာ"
အတိုက်ခံရမှာသူ့နေရာမှာအစားဝင်ခံခဲ့တဲ့ကလေးငယ်။
"ကိုကို။တောင်း..ပန်ပါတယ်"
တိုးရှရှအသံလေးနဲ့ကြေကွဲနေတဲ့ကလေးငယ်။
ဟင့်အင်းမဖစ်ရဘူး။ကျွန်တော့ကလေးကိုဘယ်သူမှ
မခေါ်သွားရဘူး။မဖစ်ရဘူး။သူကကျွန်တော့အပိုင်
မို့။သူကကျွန်တော့အနားကဘယ်မှမသွားရဘူး။"ကိုကို့ကိုထားခဲ့မလို့လား။အားတင်းထားပါကွာ။"
ကောင်လေးကသူပြောသမျှကိုပြုံးပြရင်းသူ့ကိုသာ
ကြည့်နေသည်။ဖြူစင်လွန်းတဲ့အဖြူရောင်ဝတ်စုံလေး
ကကောင်လေးရဲ့သွေးတေနဲ့အရောင်ထင်းနေသည်။"ယောင်းငယ်ယောင်းသတိထားဦး။ယောင်းငယ်"
အရူးတယောက်လိုအော်ဟစ်ကာအော်နေတဲ့ကိုကို့အသံ
တေကတဖြည်းဖြည်းဝေးကွာလာသလိုခံစားရသည်။
ဒါကယောင်းလေးတို့နောက်ဆုံးတွေ့ခြင်းလား။
ယောင်းလေးကိုကို့ကိုအပြီးနှုတ်ဆက်ရတော့မှာလား။ယောင်းလေးတောင်းပန်ပါတယ်ကိုကို။ဖစ်လာသမျှကို
ခါးဆီးခံယုံကလွဲပြီးကျွန်တော်မတတ်နိူင်တော့ဘူး။
တောင်းပန်ပါတယ်။တင်းထားသမျှစိတ်တေကို
လျော့ချရင်းအလင်းတို့ရဲ့တစ်ဖက်ကမ်းအမှောင်ထုဆီကို
သာ ကျရောက်သွားသည်။ဒီတခါရောကံကြမ္မာကဘယ်သူ့ဘက်ကလဲ။
. . . . . . . . . . . . . . . . . . . . . . . . . . . . .
.
.
.
.
.
.
.
.
.
.သုံးလကြာသော်
"ယောင်းငယ်"
"ဟာကိုကို"
YOU ARE READING
Yes Ko Ko But Sorry✔
Romancevkook#funny #cute #my own creation # Completed. May,12,2020.(11:30AM)