Eposide(14)

8.1K 699 69
                                    

Uni
သဘတ်ခါမနက်ဖြန်နဲ့ကုန်လွန်ခဲ့တာနှစ်ပတ်ဆိုတဲ့
အချိန်ကိုရောက်ခဲ့ပြီ။သူနဲ့ကျွန်တော်ပြတ်စဲခဲ့တာ
နှစ်ပတ်တောင်ကြာခဲ့ပြီ။

တနေ့လောက်မမြင်ရရင်သေနိုင်တဲ့သူ့ကိုတသက်လုံး
မမြင်နိုင်အောင်ရှောင်တိမ်းဖို့မိုးပြိုရင်တောင်မဖစ်နိုင်
တဲ့အရာ။ချစ်လွန်းလို့အနားမှာကပ်တွယ်ချင်ပင်မဲ့
ထွက်သွားရမဲ့သူကကိုယ်ဖစ်နေတာကတော့ရင်နာမဆူံး။

"သားလေးtaeတကယ်သွားမှာလဲ"

ခရီးဆောင်အိတ်ကလေးထဲထည့်ထားတဲ့အကျႌတေကို
ကြည့်ရင်းဝမ်းနည်းရင်းကြေကွဲနေတဲ့သားဖစ်သူကိုtaeso
ရင်နာ၍မဆုံး။အချစ်ကြီးအချစ်တဲ့လေးကိုမှအနာကြီးနာ
အောင်ကံကြမ္မာကရက်စက်လွန်းသည်။

"သွားရမှာပေါ့။LA ကျွန်တော်ပညာသင်မယ်။
ကျွန်တော့ဘဝကိုကျွန်တော်ဘာသာထူထောင်
မယ်မေမေ။အတိတ်ဆိုးတေကိုကျွန်တော်ကိုယ်တိုင်
မေ့ပစ်မယ်"

"သားရယ်။အတိတ်ဆိုးမေ့ဖို့အတွက်နဲ့မသွားပါနဲ့လား။
သားဖေဖေကလည်းသားကိုစိတ်မချသလိုမေမေကလည်း
မေမေ့အရိပ်အောက်မှာဘဲရှိစေချင်တယ်။သားလေးရယ်"

ဆံနွယ်ပျော့ပျော့လေးတေကိုပွတ်သတ်ရင်းမေမေက
မတားဖို့တားနေတယ်။မေမေမျက်ဝန်းထဲမှာသားဖစ်သူ
ကိုမစွန့်လွှတ်နိုင်တဲ့မျက်ရည်တေပြည့်နှက်တေတယ်။

"မနက်ဖြန်သူ့မင်္ဂလာဆောင်မေမေ။မေမေသိတယ်မလား
သားအစားမေမေဘဲဂုဏ်ပြုလိုက်ပါမေမေ"

"သားရယ်။မေမေသားလေး"

"မငိုပါနဲ့မေမေရယ်။ကျွန်တော်အဆင်ပြေတဲ့တနေ့
ကျွန်တော်ပြန်လာမှာပေါ့။"

Taehyungကသူ့အမေကိုဖက်ရင်းနှစ်သိမ့်တယ်။
သူကရောသွားချင်ပါ့မလား။ဒါမဲ့လည်းသွားရလိမ့်မယ်။

"မေမေတို့မနက်ကျလိုက်ပို့မယ်နော်"

"ဟင့်အင်းနဲ့သားတယောက်ထဲဘဲသွားချင်တယ်။
ဘယ်သူမှလိုက်မပို့နဲ့။ကျွန်တော်တောင်းဆိုပါတယ်။"

"ငါ့သားလေးရယ်"

Taesoတယောက်သားဖစ်သူကိုရင်နာမတတ်ခံစား
နေရတယ်။နောက်တော့သားမိနှစ်ယောက်စကား
ပြောနေတုန်းဝင်လာတဲ့ဖုန်းနံပါတ်ကလေးကကိုကိုတဲ့
လေ။အရင်လိုဖုန်းဆက်တောင်မပြုံးနိုင်တော့ဘူး။

Yes Ko Ko But Sorry✔Where stories live. Discover now