Baby Pluto With PaPa and Dady
Baby Pluto!!
Kristမွေးထားတဲ့ကြောင်လေးPlutoရဲ့အကြောင်းပါ ...
အကုန်လုံးသိပြီးသားမို့ အထူးပြောပြမနေတော့ဘူးနော်..ကဲ Babyလေးရဲ့အကြောင်းလေးကိုမိတ်ဆက်ပေးမယ်။
Plutoလေးရဲ့မူရင်းအမျိုးစားကSphynx cat အမျိုးစားပါ။မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် အမွှေးမျှင်မရှိတဲ့Sphynx ကြောင်လေးတွေကို၁၉၆၀ ပြည့်နှစ်များမှ စတင်၍ ရွေးချယ်မွေးမြူခြင်းဖြင့်တီထွင်ခဲ့သည်။
အမွှေးမျှင်မရှိတာကြောင့်ပုံမှန်ကြောင်များထက်ခန္ဓာကိုယ်အပူပိုမိုဆုံးရှုံးသည်။ ကြောင်လေးတွေကသူတို့ကိုထိမိစေရန်နွေးစေပြီးနွေးထွေးသောနေရာများကိုရှာဖွေလေ့ရှိသည်။
(Kristရဲ့Liveမှာတွေ့ကြမှာပါ စောင်ထဲအတင်းတိုး၀င်နေတာလေ)Sphynx ကြောင်လေးတွေက..အရမ်းနူးညံ့တယ်..သိမ်မွေ့လွန်းတယ်..သူတို့ကတစ်ယောက်တည်းကျန်နေခဲ့တာမျိုးကိုမကြိုက်ကြပါဘူးတဲ့ (အဖော်မင်တယ်လို့ဆိုလိုတာပါ)
အမွှေးမျှင်မရှိတာကြောင့် ဖုန်မွှားတွေကပ်လွယ်ပြီး ရောဂါဖြစ်လွယ်ပါတယ်တဲ့..သူတို့အဖြစ်များတာက နှလုံးရောဂါလို့ပြောကြတယ်..(အဲ့တာကြောင့်Krist Live မှာ ယောင်ပြီးအော်လိုက်တာကို ပြန်တိတ်လိုက်တာဖြစ်မယ်)
ပုံမှန်မျိုးရိုး Sphynx ကြောင်များသည်ဒေါ်လာ ၁၅၀၀ မှ ၃၀၀၀ ကြားကုန်ကျသည်။
ရှားပါးမျိုးရိုးဆိုရင်တော့
ဒေါ်လာ ၁၀၀၀၀ အထိစျေးတက်နိုင်ပါတယ်တဲ့..ကဲ..ဒါတွေကတော့ Babyလေး Plutoရဲ့ မျိုးရိုးလေးကိုပြောပြထားတာပါ..
ကလေးလေးကို ဒို့က အရမ်းချစ်တာမို့လို့ googleသွားခေါက်ထားတာပါ..
ကလေးက နှစ်လလောက်ဆိုတော့ တကယ့်ကလေးလေးဆိုတာ အကုန်လုံးသိမှာပါ..ဆိုတော့ ဆက်ပြောပါမယ်..
ကလေးလေးကို အကြောင်းပြုပြီး Storyလေး ရေးပါ့မယ်..nameကတော့ အပေါ်မှာရေးထားပါတယ် ပြန်ဖတ်ကြည့်ပါ XD
Introလေးမှာ ပြည့်ပြည့်စုံစုံရေးထားပေးလို့ တစ်ကယ်ဖတ်ချင်မှ RLထဲ ထည့်ပါ..
Baby လေး ဘက်က ရေးမှာမို့လို့ ယုတ္တိရှိချင်မှရှိပါ့မယ် ကဲ စိတ်ပါရင်တော့ အပိုင်းသစ်လေးတင်ပေးပါ့မယ်..Plutoလေးကြောင့် ဒီကမေမေ စာရေးရအုန်းမယ်ပေါ့ XD