Daddyကအိမ်မှာအိပ်မယ်တဲ့
(Zawgyi)
"P'Sing လာ.."
"အင်း.."
Singtoတစ်ယောက် အခန်းထဲဝင်လိုက်သည်..Kristကတော့ Plutoရဲ့ အိပ်ဆောင်ကို သူ့နေရာလေးမှာ သွားချလိုက်ပြီး ရေခဲသေတ္တာဆီ တန်းသွားလိုက်သည်..။
ဒီနေ့က သူတို့နှစ်ယောက် GMMသွားခြင်းရဲ့ ဒုတိယနေ့ပင်..။
သူကော Kristကော Oishi နဲ့ MaMa တို့ရဲ့ Products ကို promotion လုပ်ပေးရခြင်းပင်..ရိုက်ကူးရေးပြီးတော့ တစ်ခါတည်း Kristရဲ့ ကွန်ဒိုကို လိုက်လာခဲ့သည်..သူကိုယ်တိုင်လည်း တစ်ယောက်တည်း ပျင်းနေ၍ လိုက်လာခဲ့ခြင်းပေါ့...။
"P'Sing ရေခဲရေအောက်အုန်းမလား.."
"Kit..ခုနကမှ နေပူထဲကပြန်လာတာကို ခဏနားအုန်းလေကွာ..."
Singto တစ်ယောက် Plutoလေးကို ချပေးလိုက်ရင်း Kristဆီ လျှောက်သွားလိုက်သည်..Singtoနည်းတူ Plutoကလည်း သူ့ Daddyနောက်က လိုက်သွားလိုက်သည်..။
"ရပါတယ်P'Singရဲ့ ကျွန်တော်တို့ ခုနက ကားထဲမှာ Aircon ဖွင့်ပြီးလာခဲ့တာကို.."
ပါးချိုင့်လေးထင်းလျှက် ပြန်ဖြေလာသည့် Kristကြောင့် Singto သက်ပြင်းချလိုက်သည်..။
Kitကလေ..အမြဲအဲ့လိုပဲ..။
ပြုံးရွှင်နေသည့် ကောင်လေးကိုကြည့်ပြီး သူ ထပ်မပြောဖြစ်တော့ပေ..။
သူ သက်ပြင်းချလိုက်သည့် Daddyကိုကြည့်ပြီးသူပါလိုက်ပြီး သက်ပြင်းချလိုက်သည်..။
Papaကအမြဲအဲ့လိုပါဆို..။
"Pluto..သားလေး ဗိုက်ဆာနေပြီလား..."
အာ..ဗိုက်..ဟုတ်တယ်..ဟုတ်တယ်..သူ ဗိုက်ဆာနေပြီ..Papaတို့ရုံးမှာ သူတော်တော်ဆော့ခဲ့သည်..Daddyနဲ့တွေ့တော့လည်း သူနည်းနည်းဆော့ခဲ့သေးသည်..မနက်ကလည်း Daddyကို ထပ်တွေ့ရတော့မယ်ဆိုတဲ့ စိတ်ကြောင့် သူဘာမှသိပ်မစားဖြစ်...။
Meow~~Meow~~
သူ့ရဲ့ အသံအဆုံးမှာတော့ Papaက သဘောကျရယ်လိုက်ပြီး သူ့ကိုပွေ့လိုက်တာကြောင့် သူ မျက်လုံးလေးမှိတ်လိုက်သည်..။