PaPaကသူ့YuYuတွေနဲ့မိတ်ဆက်ပေးတယ်

268 37 5
                                    

PaPaကသူ့YuYuတွေနဲ့မိတ်ဆက်ပေးတယ်

(Uni)

Papaတစ်ယောက်အလုပ်တွေရှုတ်နေတယ်..Papaနဲ့အတူ လူတစ်ချို့ရှိနေတယ်..သူငြိမ်နေရင်းPapaကိုကြည့်နေလိုက်တယ်..Papaကရယ်နေတာကြောင့် သူတစ်ကယ်စိတ်ချမ်းသာတယ်..။

"ဟုတ်P'..ဟုတ်.."

လူတစ်ယောက်ကPapaကိုတစ်ခုခုပြောနေတယ်..ပြီးတော့ပြနေသေးတယ်..သူ့မှာ PaPaကိုကြည့်လိုက်..ထိုလူကိုကြည့်လိုက်နဲ့ တော်တော်အလုပ်ရှုတ်နေတယ်..ထိုလူကPapaကို တစ်ခုခုလုပ်လိုက်မှာ သူတစ်အားစိုးရိမ်တယ်လေ..။

"သားလေးရေ..papaသားလေး..."

သူ့ကိုကြည့်နေရင်းခေါ်နေသည့်Papaကြောင့် သူထလိုက်ရင်း Papaဆီကိုသွားလိုက်တယ်..Papaကိုသူ့ကိုခေါ်လိုက်တာမို့လို့သူပျော်နေတယ်...။

"ဒါ..ကြောင်လေးလား.."

"ဟုတ်ကဲ့P'.."

Papaကထိုလူကိုပြုံးလိုက်ရင်းပြောနေတယ်..Papaလက်တွေကသူ့ခေါင်းလေးကိုပုတ်နေတာကြောင့် သူမျက်လုံးလေးမှိတ်လိုက်သည်..။

"ကြောင်လေးကတစ်မျိုးလေးနော်.."

"အာ..ဟုတ်..သူ့မျိုးရိုးကနည်းနည်းထူးဆန်းတယ်လေ..ကျတော်ဆိုသူ့ကိုမြင်မြင်ချင်းချစ်သွားတာ.."

သူ့ခေါင်းကိုခပ်ဖွဖွလေးပွတ်နေရင်း ကြည့်ရင်းပြောလိုက်သည့်Papaကြောင့် သူ၀မ်းနည်းလာမိသည်..အရင်ကဆို သူတစ်ယောက်တည်း နေခဲ့ရတာမို့လေ..။

အမြဲတမ်းတစ်ယောက်တည်းနေခဲ့ရတာမို့လို့ နွေးထွေးမှု့ကိုမခံစားရ..ဟိုမှာဆိုသူ့ကိုကြည့်နေသည့် မျက်လုံးတွေက ကြောက်သလို..သနားသလို..တစ်ချို့ဆို သူ့ကိုခဏလေးပဲ ကြည့်ပြီး ထွက်သွားကြတာလေ..ပြီးတော့ ချစ်ဖို့ကောင်းတဲ့ သူ့သူငယ်ချင်းတွေကိုပဲ သဘောကျရယ်မောရင်း သူတို့ရင်ခွင်ထဲထည့်ထားကြတာ..။

Papaရဲ့စကားက သူ့ကို ၀မ်းနည်းစေသည်..။

Meow~~Meow~~

သူတို့သဘာ၀အတိုင်း တစ်ခုခုခံစားမိရင်ပြုမူနေကျအသံကိုပြုလိုက်သည်..ထိုအသံထဲ၀မ်းနည်းမှုတွေပါသွားခဲ့သည်...။

Baby Pluto with PaPa and Daddy(Z/U)Donde viven las historias. Descúbrelo ahora