Papaက ညီမလေးလိုချင်လားတဲ့
(Zawgyi)
တစ်နေ့တစ်နေ့ Papaနဲ့အတူ အချိန်တော်တော်များများကို သူ ကုန်ဆုံးတယ်..မနက်စာစားတယ်..Papaနဲ့ဆော့တယ်..အိပ်တယ်..တစ်ချို့နေ့တွေဆို Papaနဲ့ ရုံးကိုလိုက်သွားတယ်..ဆော့တယ်..သူ့အတွက် Papaဘေးမှာနေရတဲ့အချိန်တွေက သူ့ရဲ့အပျော်ဆုံးအချိန်တွေပဲ..။
ဒါပေမဲ့ တစ်ခါတစ်လေ Papaနဲ့ဝေးဝေးမှာနေတယ်..ဆော့တယ်..Papa gameဆော့ချိန်တွေပေါ့..။
Papaလည်း gameဆော့..သူလည်း သူ့ဘာသာ ကစားတယ်..ဒီလိုနဲ့ပဲ Papaနဲ့အတူ အချိန်တွေကို ပျော်ပျော်ကြီး ကုန်ဆုံးတယ်..။
"သား..Pluto..လာအုန်း.."
ဆော့နေတဲ့သူ့ကို လှမ်းခေါ်တဲ့Papaကြောင့် သူ Papaရဲ့အနားကို ပြေးသွားလိုက်တယ်..။
Meow~~
"Papaဘာဖြစ်လို့လဲ.."
Papaက သူ့ကိုကြည့်ပြီး ပြုံးပြတယ်..ထူးဆန်းတယ်..ဒီအပြုံးက တစ်မျိုးပဲ..။
"လာ..Papaဆီကိုလာ.."
ထွေးပွေ့လိုက်တဲ့ Papaကြောင့် သူPapaရဲ့ရင်ခွင်ထဲ အလိုက်သင့်လေးရောက်သွားတယ်..။
"ဒီမှာကြည့်..Papaပြောပြမယ်နော်.."
"အင်း..Papa.."
သူPapaရဲ့ မျက်နှာကို စိုက်ကြည့်လိုက်တယ်..Papaက ပြုံးရွှင်လို့..။
"မင်း..ညီမလေးလိုချင်လား.."
ပါးချိုင့်နက်နက်လေးက ထင်းစွာနဲ့ပဲပြုံးပြပြန်တယ်...။
"ညီမလေး.."
ညီမလေးဆိုတာ ဘာကိုပြောတာလဲ..သူမသိဘူး..ဒါပေမဲ့ ပြုံးရွှင်နေတဲ့ Papaကြောင့် ညီမလေးသာရှိလာရင် Papa ပျော်မယ်လို့ သူခံစားမိလာတယ်..။
Meow~~
"ဟော..တစ်ကယ်လိုချင်တာလား..ညီမလေးကိုလေ.."
Papaက ခုနအတိုင်းပဲ..ပြုံးရွှင်လို့..။
"အင်း..Papa.."
"Papa..ညီမလေးတစ်ယောက်လောက် ထပ်မွေးမလားလို့..မင်းလည်း အဖော်ရတာပေါ့ သားလေးရဲ့..နော်..နော်..."
Papaက သူ့ကိုချီလိုက်ရင်း မွှေးကြူတယ်..ညီမလေးအကြောင်းပြောရင် Papaက ပြုံးပျော်လို့..။