ညီမလေးကသူနဲ့မဆော့ချင်ဘူး
(Zawgyi)
အခုဆို ညီမလေးရောက်နေတာ နှစ်ရက်လောက်ရှိနေပြီ..ညီမလေးက အစာကို ကောင်းကောင်းစားတယ် ကောင်းကောင်းအိပ်တယ်..Papaနဲ့ဆော့တယ်..ဒါပေမဲ့ သူ့ကိုတော့ အနားအကပ်မခံသေးဘူး..သူလာတိုင်း ညီမလေးက တစ်ခြားနေရာကို ထွက်သွားတယ်..။
Papaကလည်း သူ့ကို လိုက်သွားလေဆိုပြီး ပြောတတ်ပေမဲ့ သူကိုယ်တိုင်လည်း ညီမလေးက သူ့ကိုတွေ့တာနဲ့ စိတ်ဆိုးမှာ ကြောက်နေမိတယ်..။
ဟော..ပြောနေရင်း ညီမလေးက သူလာတော့ တစ်ခြားနေရာကို သွားတယ်..။
"သား..Pluto..ညီမလေးဆီ..သွားလေ..ရန်မဖြစ်နဲ့နော်.."
အရင်နေ့က သူ ညီမလေးနာ ကပ်သွားတော့ ညီမလေးက သူ့ကို လန့်ပြီး ပုတ်ထုတ်တယ်..အဲ့တာကို Papaက မြင်သွားပြီး ရန်မဖြစ်ရဘူးလို့ပြောနေတာ..တစ်ကယ်ဆို..သူ ညီမလေးကို စိတ်ဆိုးအောင် လုပ်တာမဟုတ်ပါဘူး..ညီမလေးကသာ သူ့ကို ကြောက်နေသေးတာ..။
"ညီမလေး..ကိုကိုတို့ အတူတူ ကစားကြမယ်လေ.."
"မကစားဘူး..မလာနဲ့.."
ညီမလေးက အခုထိ သူ့ကိုအကပ်မခံဘူး..ကြာလာတော့ သူစိတ်မကောင်းဖြစ်ချင်လာပြီ..သူ Papaကို လှမ်းကြည့်လိုက်တော့ Papaက သက်ပြင်းလေးချ ပြီး သူ့ကို ပြန်လှည့်ကြည့်တယ်..။
"Papa..ညီမလေးက သူနဲ့မကစားချင်ဘူးတဲ့.."
သူ့ရဲ့ အပြောကို Papaသိတယ်ထင်တယ်..သူ့အနားကိုရောက်လာတယ်..။
ပြီးတော့ သူ့ကိုပြောတယ်..။
"Pluto..သား..သားရဲ့ငါးရုပ်လေး သွားယူလာခဲ့.."
သူ..ခပ်သွက်သွက်ပဲ..သူ့ရဲ့ငါးရုပ်လေးကို ပြေးယူလိုက်တယ်..ညီမလေးသာ သူနဲ့ဆော့မယ်ဆိုရင် သူနှစ်သက်တဲ့ ငါးရုပ်လေးကို ညီမလေး ယူချင်ယူပါစေ..သူပေးမှာ..။
"Papa..ဒီမှာ.."
Krist..သား ယူလာတဲ့ ငါးရုပ်လေးကို လှုပ်လိုက်ပြီး သမီးလေးရှေ့ ထားလိုက်တယ်..။
ကြောင်လေးတွေရဲ့ ထုံးစံအတိုင်း ငါးရုပ်လေးမြင်တော့ ငါးရုပ်လေးကို သူ့ရဲ့ လက်သေးသေးလေးနဲ့ စပြီး ပုတ်ကြည့်တယ်..။