Baby Pluto with PaPa and Dady(Uni)
လူဦးရေ ထူထပ်လွန်းလှသော ဘန်ကောက်မြို့...ဖြတ်သွားဖြတ်လာလုပ်နေကြသည့် ဆိုင်ခန်းများဘေး လူများရဲ့အကြည့်တွေက ဆိုင်ထဲရှိ ကလေးလေးများဆီ...။
Lovely Pet အမည် Pet မျိုးစုံရောင်းသည့် ဆိုင်လေးက Pet ချစ်သူတွေထဲ နာမည်ကြီးဆိုင်တစ်ဆိုင်...။
ရောင်းသည့် Petလေးတွေက လသားကနေ တစ်နှစ်အထိ အသက်အမျိုးမျိုး..ဆိုင်ရှင်ကလည်း Petချစ်သူမို့ ကလေးလေးတွေကို ဂရုတစိုက် ထိန်သိမ်းစောင့်ရှောက်သည်..။
ပုံစံမျိုးစုံရှိနေကြသည့် ကလေးလေးတွေကတစ်ယောက်တစ်မျိုးစီလှပကာချစ်ဖို့ကောင်းနေကြသည်...။
"ဟယ်..ဒီကလေးလေးချစ်ဖို့ကောင်းလိုက်တာဟယ်..."
Pet ချစ်သူတစ်ယောက်ရဲ့ အသံကြောင့် Wati အမြန်ပဲ သွားလိုက်ကာ...
"အမအမြင်တော်လိုက်တာ..ဒီကလေးလေးက ဒီဆိုင်မှာချစ်ဖို့အကောင်းဆုံးပဲ...ပြီးတော့ အသက်အငယ်ဆုံးလေး..အမ အဲ့ကလေးလေးက ရှားပါးကြောင်မျိုးစိတ်လေးနော်..."
"ဟယ်..ဟုတ်လား..."
အိပ်နေပေမဲ့ကြားနေရသည့် စကားတွေကဘာတွေပြောနေကြမှန်း သူမသိ...သူသိတာက သူ မေ့မေ့ကိုလွမ်းသည်...။
သူမျက်စိစပွင့်ကတည်းက မေ့မေ့ကိုမမြင်ဖူးဘူး...မေ့မေ့ကိုမသိဘူး..မေ့မေ့ရဲ့ နို့ချိုကိုမစို့ဖူးဘူး...။
မျက်စိ စပွင့်တည်းက အကွက်တွေကာထားသည့် နေရာထဲ တစ်ယောက်တည်း အထီးကျန်စွာ..နေခဲ့ရသည်...သူ အိပ်ချင်သည်..သူမေ့မေ့ ရင်ခွင်ထဲမှာ အရမ်းအိပ်ချင်သည်...ဒါပေမဲ့....။
"ကလေးလေးရေ..အိပ်နေတာလား..."
ထူးထူးဆန်းဆန်း ကြားလိုက်ရသည့်အသံက ခုနကအသံတွေနှင့်ခြားနားစွာ..နွေးထွေးလွန်းသည်...။
"ဘယ်သူလဲ..."
သူအိပ်ချင်စိတ်ကို အံတင်းကာ မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်သည်...။
မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့်ပုံစံလေးက အထီးကျန်နေသည့် သူ့စိတ်ကို နွေးထွေးသွားစေသည်....။