Plutoလေးသူ့Daddyနဲ့တွေ့ရပြီ
(Zawgyi)
(ဒီအပိုင်းလေးက ကိုယ်တိုင်မျှော်လင့်တကြီးရေးချင်တဲ့အပိုင်းလေး..Plutoလေးသူ့Daddyနဲ့တွေ့တဲ့ပုံစံလေး Plutoလေး Singနဲ့တွေ့တုန်းကလည်းပျော်ရတယ် ဒီအပိုင်းလေးရေးတော့လည်းစိတ်ချမ်းသာရတယ်လေ TT)
...........................................................
အလင်းရောင်သဲ့သဲ့တွေကြား သူစောင်ထဲကတိုးထွက်ကာအပြင်ဘက်ကိုကြည့်လိုက်သည်..သူ့အိပ်ယာက ပြတင်းပေါက်ရဲ့မနီးမဝေးဖြစ်တာမို့ ဒီအလင်းရောင်ကသူ့စိတ်ကိုတတ်ကြွစေသည်..။
Meow~~
တစ်ကိုယ်လုံးဆန့်တန်းလိုက်ရင်း ကွေးကောက်ကာ အိပ်သမျှကိုဖြေလျော့ရသေးသည်..ဒါတောင်ညက သူ့Papaကအပြင်တစ်ဝက်ရောက်နေတဲ့သူ့ကိုယ်လုံးကို အိပ်ယာထဲအသာရွေ့ပြီးထည့်လိုက်တာကိုတော့သူမှတ်မိသေးသည်..။
Meow~~
အညောင်းပြေသွားတော့ထလိုက်ကာ တစ်ကိုယ်လုံးကိုခါချလိုက်သည်..။
အာ..
သူအလျှင်အမြန်ပဲ Papaရဲ့ ကုတင်ပေါ်တတ်လိုက်တယ်..။
"ဟော..ကြည့်.."
နှုတ်ခမ်းလေးဟကာ အိပ်မောကျနေသည့်Papaကို သူခဏကြည့်လိုက်သည်..။
Papaကချစ်ဖို့ကောင်းတယ်..ချောတယ်..ပြုံးလိုက်ရယ်လိုက်တိုင်းလည်း ပါးချိုင့်ကြီးကနစ်ဝင်လွန်းလို့..သူ့မှာPapaရဲ့ပါးချိုင့်ကြီးကိုမြင်လိုက်တိုင်း အသဲယားလှသည်။
အင်..အင်း..
"ဟော..ဟော.."
လူးလွန့်နေသည့်Papaကိုကြည့်ပြီးသူပျော်သွားတယ်..မပျော်ပဲနေမလား..Papaကညကသူ့ကိုပြောတယ်..သူတို့ရုံးကိုသွားကြမယ်တဲ့..သားကိုလည်းခေါ်သွားရမယ်တဲ့..Daddyနဲ့တွေ့ပေးမယ်တဲ့..Papaပြောတဲ့စကားတွေထဲ ဒီစကားကသူ့ကိုအပျော်ဆုံးဖြစ်စေတယ်..။
"Papa..Papa..ထတော့..ထတော့..."
အင်း..အင်း..
သူPapaရဲ့ရင်ဘတ်ပေါ်တတ်လိုက်ရင်း ဟိုသည်လျောက်နေတယ်..။
Papaကအိပ်ပုတ်ကြီးတယ်..ကြည့်အုန်း..သူဒီလောက်ကိုယ်ပေါ်တတ်နေတာတောင်..နိုးမလာသေးဘူး..။