💞U1💞

1.8K 45 15
                                    

******ZawGyi*******

ထည်ဝါ
နွေရာသီအားလပ်ရက် ပိတ်ရက်တွေမှာ သူများတွေလို သူအအားမနေနိ်ုင်။မေမေ ဝယ်ပေးသည့်စာစီစာကုံးစာအုပ်တွေကို လေ့လာရသလို.....ခေါင်းစဉ်တွေရွေးထုတ်ကာ ကိုယ်တိုင်လဲ ရေးကျင့်ရသည်။အရင်က ဘာသိဘာသာနေခဲ့သော သူ့ကို ရတန်းပိုင်ဆရာမ ဒေါ်မေမြတ်စိုး မှ မြို့နယ်အလယ်တန်းစာစီစာကုံးပြိုင်ပွဲမှာ ဝင်ပြိုင်စေခြင်းမှ အစပြုခဲ့သည်ဟု ဆိုရမလား။

မှန်သည်.......သူတို့နယ်မြို့လေးမှာ ကျဉ်းပါသော်လဲ မြောက်ကျောင်းအ.ထ.က ကျောင်းကြီးနှင့် မင်းစု အ.လ.က ကျောင်းဟူ၍ အပြိုင်ရှိသည်။တခြားသော ရပ်ကွက်အလိုက်မူလတန်းကျောင်းများလည်း ရှိပါသော်လဲ မင်းစု ကျောင်းက မြို့ပေါ်မှာ ကျောင်းကြီးနဲ့အပြိုင်ဖြစ်သည်။

ရှေးရှေး ရာဇဝင်တွေကတည်းက မင်းစုကျောင်းသားတွေနဲ့ ကျောင်းကြီး ကျောင်းသားတွေက အပြိုင်ဆိုင် မတည့်ကြပေ...။မင်းစုက အလက ကျောင်းရယ်မို့ ၉/၁၀ မှာ ကျောင်းကြီးသို့ ပြောင်းလာရသော မင်းစုထွက်တွေကလည်းမခေ...အကြောကတင်းသည်။မတတ်သာလို့ မင်းတို့ကျောင်းပြောင်းခဲ့ရတာဆိုတဲ့ အချိုးမျိုးများနဲ့ မာန်စွယ်ကမချ.....။

ကျောင်းကြီးသားတွေကလည်း မင်းစုသားတွေဆို နှိမ်ချင်သည်။၅ တန်းမှ ၈ တန်းထိ မြို့နယ်လိုက် ဘက်စုံပြိုင်ပွဲတွေမှာ သူတို့ထက် သာနေလေ့ရှိသည့် မင်းစုထွက်တွေကို အလိုလိုနေရင်းမျက်မုန်းကျိုးတတ်သည်က ဆရာဆရာမများကအစခေတ်အဆက်ဆက်ပင်ဖြစ်နေခဲ့သည်။ဒါကြောင့် နောင်အနာဂါတ်မှာလည်း ထိုကျောင်းနှစ်ကျောင်းမှာ တည့်ဖို့အလားလာမရှိပါ။

အင်း...ဒါက ကျောင်းနှစ်ကျောင်းရဲ့ သမိုင်းအစဉ်လာအကျဉ်းရုံးသာ။အဲ.....အဲ့သမိုင်းအစဉ်လာက ကိုယ်နဲ့သက်ဆိုင်လာသည်က တစ်ဖက်မဟာရန်သူ မင်းစုကျောင်းမှ အေးချမ်းကိုကို ဆိုသည့် လောရှည်ကောင်ကြောင့်ပင်။မနှစ်က သူ ပထမဆုံး ဝင်ပြိုင်ဖြစ်သော အလယ်တန်းအဆင့်မြို့နယ် စာစီစာကုံး ပြိုင်ပွဲမှာ သူက အေးချမ်းကိုကို ကို ရှုံးခဲ့ရကာ ဒုတိယ ဆုသာ ရခဲ့သည်လေ။ဆရာမက နှစ်ဦးလုံးရဲ့ ပြိုင်ပွဲဝင် စာစီစာကုံးကို အများသိစေရန် ယှဉ်ကာ ဖတ်ပြတော့ ထည်ဝါစိတ်ထဲ ဘဝင်မကျခဲ့။ဟုတ်တယ်လေ တကယ်ဆို သူ့လက်ရည်ထက် ကိုယ့်လက်ရည်က လည်း ညံ့မနေခဲ့ပါ။ဒါကြောင့် အတန်းပြီးချိန်မှာ သူမနေနိုင်စွာ ဆရာမကို သွားမေးခဲ့သည်။

💞INFiNITY.......💞Where stories live. Discover now