အေးချမ်း ဒီနေ့အရမ်းကို စိတ်တွေလှုပ်ရှားနေမိသည်။
နံရံ ပေါ် ကနာရီကိုတမော့ကြည့်ကြည့်နဲ့ ရင်တွေအဆမတန်ခုန်နေမိသည်။ဒီနေ့ညနေ သုံးနာရီမှာ ဆရာစုက အတန်းနှစ်တန်းပေါင်း Examရလဒ်အရ အတန်းတွေခွဲနေရာတွေချထားမည်ဖြစ်သည်။ဟူး.....ရင်တွေခုန်လိုက်တာ။"အေးချမ်းရေ....အေးချမ်း...."
"ငါဒီမှာ...."
မြတ်သူ...အသံကြားရာ အလှမွေးငါးကန်ဘေးက ပန်းခုံဘောင်ဘက် ငုံ့ကြည့်လိုက်ပြီး တဒင်္ဂလောက်ဆွံ့အသွားသည်။ကြည့်အုန်းလေ....လွယ်အိတ်လေးပိုက်ကာ ငုပ်တုပ်လေးထိုင်ရင်း သူ့အား မျက်လုံးလေးကလယ်ကလယ်နဲ့ မော့ကြည့်နေတဲ့အေးချမ်းပုံစံကတကယ့်ကိုသနားကမားပုံစံလေးပင်။သူ့တစ်သက်နဲ့တစ်ကိုယ် ဒီအရွယ်ထိ သူတို့ပေါင်းလာတဲ့ ဒီ ၈/၉ နှစ်အတွင်းမှာ အေးချမ်း ကို ဒီလိုပုံစံနဲ့ ဒါပထမဆုံးတွေ့ဖူးခြင်းပင်ဖြစ်သည်။"မင်း....ဒါကဘယ်လိုဖြစ်နေတာတုန်း "
"ငါ....ငါရင်တွေခုန်နေလို့ "
*ဗုဒ္ဓေါ* ဒီ ကျူရှင်တန်းခွဲ Resultလေးကိုမှ ဒီကောင်က ဘာတွေစိတ်လှုပ်ရှား၊ရင်တွေခုန်နေရတာတုန်း။ကျောင်းက လပါတ်Examတွေ၊ထူးချွန်စာမေးပွဲတွေမှာတောင် ရင်မခုန်ဖူးတဲ့ကောင်ကလေ။ဒီကောင် ရူးများသွား...သွား...။
"ဟား....ဟား...." မြတ်သူ သဘောပေါက်လေပြီ။ဒီကောင် ဘာကြောင့် ဒီလောက်စိတ်လှုပ်ရှားရင်တွေခုန်နေရသလဲ သူအလင်းပေါက်လေပြီ။$ရူး....အေးချမ်းကိုကိုတို့က တကယ့် $ရူး။ဟိုကဖြင့် သူ့ကို အဖတ်တောင်မလုပ်ပဲ သူကဘာတွေဖြစ် ပြီး ။တကယ်ပါ ယောကျာ်းအချင်းချင်းကြီးကို ဒီလောက်ဖြစ်နေတာ ဒီကောင်အဲ့ကောင်ကို ကြိုက်နေသလားကလည်း ပြောရကအခက်။အခက်ဆို အေးချမ်းကိုကိုက အဖြောင့်သမား။သူ့လို Bisexual တောင်မဟုတ်ပေ။
သူအတန်ကြာအထိ ဟားနေတော့
"ဘောကို ဟားနေလိုက် " ဆိုသည့် ဆဲသံတစ်ချက်နဲ့အတူ
ကျောက်ခဲတစ်လုံးက သူ့စက်ဘီးထံ ဝင့်ပျံလာသည်။နောက် စူပုပ်ပုပ်မျက်နှာဘေးနဲ့ သူ့နောက် တက်ခွလာသည့် အေးချမ်းကိုကို။"ဟျောင့်......မင်းအရပ်ကြီး ဂလန်ဂလားကို
ငါက တင်နင်းရမှာလား "
YOU ARE READING
💞INFiNITY.......💞
Romanceကောင်လေးတစ်ယောက်ကကောင်လေးတစ်ယောက်ကိုပြောခဲ့တယ်...... မင်းနဲ့ငါ့ရဲ့ရေစက်ကအဆုံးမရှိတာမို့...... မင်းဘယ်လိုဖြတ်ဖြတ်ပြတ်မယ်မထင်နဲ့ တဲ့လေ......။ တစ်ချို့သောရေစက်တွေက ဘယ်လိုပင်ဖြတ်တောက်ပါစေ၊ဖြတ်တောက်မရနိုင်အောင်တည်မြဲလွန်းတယ်။ရေစက်တွေခိုင်မြဲလွန်းရင်...