💞U6💞

120 8 2
                                    

ထည်ဝါ
လောရှည်ကောင်ဆီက စက်ဘီးကိုယူပြီး နောက်မကြည့်တမ်းနင်းထွက်လာသော်လည်း နောက်ကျောကမလုံပေ။
အို......ကိုယ်အကူညီတောင်းတာမဟုတ်ဘဲ သူတို့ဟာသူတို့ မျက်နှာလိုမျက်နှာရကူညီတာပဲဟာ။ဟွင့်.....သူတို့အကြောင်း မသိရင်ခက်မယ်။ဒါ ....သပ်သပ် ထားငယ်ကို မျက်နှာလုပ်ချင်လို့ ကူညီချင်ကြတာကအသိသာကြီးပင်။

ထည်ဝါ ...သူတို့အကြောင်း တွေးမနေ၊အားနာမနေတော့ပဲ စက်ဘီးကို ထားငယ်ရှေ့တည့်တည့် ရပ်လိုက်သည်။
ထင်သည့်အတိုင်း ထားငယ်တို့က နှုတ်ခမ်းစူ၍ ခြေဆောင်နေပြီဖြစ်သည်။သူ အကျိုးအကြောင်း ပြောပြတော့ မယ်မင်းမလေးက ဟိုမျက်နှာရူးတွေ ကို ကျေးဇူးတောင်တင်နေလိုက်သေးသည်မို့ ထိပ်ကိုတစ်ချက်လောက်ထုပေးလိုက်သည်။ဟုတ်တယ်လေ နေ့တိုင်းသူကို တင်နင်းပို့ကြိုနေရတဲ့သူမှ အားမနာ စက်ဘီးလေးတစ်ခါ ငှားပေးတဲ့သူကိုကြမှ ကျေးဇူးတင်နေလို့ရမလား။

ထည်ဝါ.....
ထားငယ်တို့အိမ်ရှေ့မှာပင် ဟိုလောရှည်ကောင်ကို စောင့်နေလိုက်သည်။စောင့်ဆို သူ့စက်ဘီး ပြန်ပေးရမယ်လေ။ဟော မကြာပါဘူး....ဘာတွေတွန်းထိုးစနောက်လာကြသည်မသိသည့် သုံးကောင်သားက စက်ဘီးကို လိမ်ဖယ်လိမ်ဖယ်နင်းရင်း သူ့ရှေ့ရောက်တော့ ရပ်ဆင်းကြသည်။
သူ လောရှည်ကောင်ထံ သူ့စက်ဘီးကို လွှဲပေးလိုက်ပြီး သူကတော့ ဒီတိုင်းခြေလျှင် လှည့်ထွက်လာလိုက်သည်။

"ဟေး.....စောင့်ဦးလေ
မင်းကို ငါလိုက်ပို့ပေးမယ်လေ "

"မလိုဘူး ရတယ် ငါ့ဟာငါပြန်မယ် "

"ဘာလို့လဲ လာပါ တက်ပါ မင်းကိုငါကိုက်မစားပါဘူး
ဒီတိုင်း လိုက်ပို့ရုံ ပို့မှာပါ "

"အေးချမ်း မင်းကလည်း ဇွတ်မလုပ်ပါနဲ့ဟ
ဟိုက မင်းကိုကြောက်နေရှာတာကို..."အရေးထဲ ဟိုမာနခဲလေးက ခေါ်မရပါဘူးဆို မြတ်သူကောင်က ဆေးဝင်ထိုးပြီ။

"ဘယ်သူက ကြောက်နေတာတုန်း
ငါလား .....ငါက ဘာကိစ္စ မင်းတို့ကောင်တွေလောက်နဲ့ ကြောက်နေရမှာတုန်း "

"နို့....သိဘူးလေ မင်းက တို့များ ကြောက်နေသလားလို့ပေါ့ "

"စဉ်းစားလို့တောင်မရဘူး "

💞INFiNITY.......💞Where stories live. Discover now