*****Zawgyi ******
အေးချမ်း ဒီနေ့အရမ်းကို စိတ်တွေလှုပ်ရှားနေမိသည်။
နံရံ ပေါ် ကနာရီကိုတမော့ကြည့်ကြည့်နဲ့ ရင်တွေခုန်နေမိတာက ဒီနေ့ညနေ သုံးနာရီမှာ ဆရာစုက အတန်းနှစ်တန်းပေါင်း၍ Exam ဖြေကာ နောက်ရက် အတန်းခွဲမည်ဖြစ်သောကြောင့်ပင်။ဟုတ်တယ် Exam ကြောင့်သာ သူရင်တွေခုန်နေမိတာပါ.....တခြား....တခြားအကြောင်း ကမရှိပါဘူး ။ဟူး....
စိတ်လျှော့စမ်း အေးချမ်းကိိုကို စိတ်ကိုလျှော့ချထားစမ်းး။ခုလိုဖြစ်နေတာကမင်းပုံစံမဟုတ်ဘူးလေ။ဒါပေမဲ့လဲ နောက်နှစ် ၉တန်းကို သူမြောက်ကျောင်းပြောင်းရဖို့ကမသေချာ။မေမေက ဘော်ဒါထားမယ်ပြောနေသည်။သူပြောင်းဖြစ်ခဲ့အုန်းတော့လဲ အဲ့ကောင်လေးကရှိနေအုန်းမယ်မထင် ။သေချာတာက သူတို့သည်လဲ ဘော်ဒါသာ နေမည့်အခြေနေမို့ ဒီနှစ် တစ်နှစ်လောက် ဖြစ်ဖြစ် တစ်ကျောင်း ထဲမတက်ရရင်တောင် တစ်ကျူရှင်ထဲကို အတန်းတူတက်ချင်သည်။အေးချမ်း....
သူ့ကိုတွေ့တာနဲ့ တည်သွားတတ်တဲ့ ကောင်လေးနဲ့ သူရင်နှီးချင် မိတ်ဆွေ့ဖွဲ့ချင်သည်။နောက်ပြီး သူစိတ်ဆိုးရင် အသည်းယားလို့ တခါတရံမှာ သူ့ကိုစချင်သည်။မြတ်သူတို့နဲ့လို ဘောလုံးအတူကန်ကြမယ် ဂိမ်းဆိုင်အတူသွားကြမယ် ၊မုန့်တိုင်အတူထိုင်ကြမယ်ဆို.... ..။အတွေးနဲ့တင်ရင်ထဲသိမ့်ခနဲ ကြည်နူးမိတော့ ခုနက စိတ်လှုပ်ရှား မှု တွေက ပြေလျော့သွားသလိုပင်။ ဒါ သူ့ဘက်ကစ၍ ပထမဦးဆုံးအကြိမ် လိုလိုလားလား မိတ်ဆွေဖွဲ့လိုခြင်း။အချိန်ကျတော့ သူစက်ဘီးကို ဖြေးဖြေးချင်းပဲ နင်းကာ ထွက်လာရင်း မြတ်ထားဧကရီ တို့အိမ်နားအရောက် စက်ဘီးကို အလိုလို အရှိန်ထပ်ကာ လျှော့ချ လိုက်မိသည်။ကော်ဖီရောင် စပို့ရှပ်ဗြောင်လေးနဲ့ အညိုရောင်ပုဆိုးကွက်လေး ကို တွဲဝတ်ထားတဲ့ ဟိုကောင်လေး ။စက်ဘီးလေးကိုမှီရပ်ရင်း စာအုပ်ကိုင်ကာ ကြည့်နေသည်က ဟို ဇီးကွက်မလေးကို စောင့်ရင်းစာပြန်ကြည့်နေပုံ။
ကြည့်ရတာ သူလည်း ဒီအတန်းခွဲ Exam အတွက် စိတ်လှုပ်ရှား နေပုံရသည်။သူဖြေးဖြေးချင်းပဲဆက်နင်းလာလိုက်သည်။နောက် ဘာကြောင့်မှန်းမသိ အုပ်ကြီးဆိုင်ရှေ့ရောက်တော့ ဒိန်ချဉ် တစ်ဘူးဝယ်ကာဇိမ်ဆွဲသောက်နေရင်း သူတို့ကို စောင့်နေမိသည်။ဒီနေ့ မြတ်သူနဲ့ဖိုးဉာဏ်က အနောက်လမ်းကနေ အတူလာမည်ဆို၍ သူတစ်ယောက်ထဲ အရှေ့လမ်းကပဲ ထွက်လာခဲ့ခြင်းဖြစ်သည်။
YOU ARE READING
💞INFiNITY.......💞
Romanceကောင်လေးတစ်ယောက်ကကောင်လေးတစ်ယောက်ကိုပြောခဲ့တယ်...... မင်းနဲ့ငါ့ရဲ့ရေစက်ကအဆုံးမရှိတာမို့...... မင်းဘယ်လိုဖြတ်ဖြတ်ပြတ်မယ်မထင်နဲ့ တဲ့လေ......။ တစ်ချို့သောရေစက်တွေက ဘယ်လိုပင်ဖြတ်တောက်ပါစေ၊ဖြတ်တောက်မရနိုင်အောင်တည်မြဲလွန်းတယ်။ရေစက်တွေခိုင်မြဲလွန်းရင်...