"ထည်ဝါရေ.....ထည်ဝါ...."လူမမြင်ရသေးဘူး အသံစွာစွာလေးကအရင်ကြားရပါသော ထားငယ် ။ထည်ဝါ သူမအသံကြားသည်နှင့် ထမင်းစားနေရာမှထကာပြေးပုန်းမိလေတော့ သူ့ထက်ပိုမြင့်နေသော ရေခဲသေတ္တာကြီးက သူပုန်းဖို့အတွက် ကွက်တိလုံလောက်ကာနေသည်။မေမေကတော့ သူ့ကိုမျက်စောင်းထိုးကာ ထားငယ်ကိုသွားခေါ်သည်။မေမေသူပုန်းနေတာကို ထားငယ်ကိုပြောမှာသိနေသော်လဲ သူခေါင်းငုံ့၍ ကိုယ်လေးကျံူ့ကာ ဆက်ပဲပုန်းနေလိုက်သည်။
"ဒေါက်..."
"အ....ထားငယ်
အရူးမ ဘာလို့ခေါက်တာတုန်း
နာတယ်အရူးမရဲ့....""နင်က ငါခေါ်နေတာကိုအရေးမလုပ်ပဲ
ပုန်းတောင်နေသေးတာလေ အရူးကောင်ရဲ့
ဘာလဲ နောက်တစ်ချက်ထပ်ခေါက်ပေးရအုန်းမလား"
အပြောထက်လက်မြန်တတ်သော ထားငယ်ကြောင့် သူအမြန်နောက်ဆုတ်ကာ ရှောင်ရသည်။အင်း ဒီအရှုပ်ထုပ်မလေးနဲ့ သူတောင်ရှောင်လင်သိုင်းတွေ အတော်အသင့်တတ်နေပြီဖြစ်သည်။"အသာနေစမ်း ဘာကိစ္စ လာတာလဲ"
"နင့် ခေါက်ချင်လို့လာတာ..."
"ရမလား...တစ်ခါပဲရမယ်နှစ်ခါမရဘူး
နင်အိမ်ကိုငိုပြီး ပြန်သွားချင်လားပြော...""ဘာပြောတယ်
နင်ပြန်ပြောလိုက်စမ်း..."မြှောက်တက်လာသော လက်လေးကြောင့် ထိုလက်လေးကိုထိန်းဖမ်းထားပြီး"ဟီးး ဘားးဟုတ်ဘူးသိလားဒီနေ့နင်အရမ်းလှနေပါ့လား
ကြည့်စမ်း သနပ်ခါးအဖွေးသားနဲ့
$ပဲတွေစွတ်များနေတာ နင်မဟုတ်သေးဘူးနော် ထားငယ်...""အဟမ်း...ငါလှတာငါသိတယ်
နင်ပြောမှမဟုတ်ဘူး...."ထားငယ်ရဲ့ စပ်ဖြီးဖြီးရုပ်လေးကြောင့် သူထမင်းစားပွဲပြန်ဝင်ထိုင်ရင်းကမျက်မှောင်ကုတ်ကာ ထမင်းကိုကြိတ်ဝါးပြလိုက်သည်။ဒါကိုထားငယ်တို့က ကြောက်သွားလိမ့်မည်ထင်ပါသလား.....နိုးပါ။သူ့အား မဖြုံတဲ့အပြင် အဟီး ဆိုပြီး ပြောင်စပ်စပ်မျက်နှာဘေးနဲ့ အရှုပ်ထုပ်မလေးက သူ့လက်ထဲက ထမင်းစားဇွန်းကိုလုယူလို့တောင်သွားသေးသည်။နောက် သူအချဉ်ဟင်းစမ်းကာ နယ်ထားတဲ့ ထမင်းကို သူမအကြိုက်ပုဇွန်ကွေးလေး ခပ်ကာထည့်ရင်း ယူစားနေတာ ၄/၅ လုတ်။သူ့ကိုတော့ ကုန်ခါနီးမှ ဇွန်းပြန်ပေးသော ထားငယ်ကြောင့် သူထမင်းကိုလတ်စသတ်ပြီး ပန်းကန်ဆေးကာ အိမ်ဘေး သရက်ပင်အောက်ထွက်လာခဲ့သည်။
YOU ARE READING
💞INFiNITY.......💞
Romanceကောင်လေးတစ်ယောက်ကကောင်လေးတစ်ယောက်ကိုပြောခဲ့တယ်...... မင်းနဲ့ငါ့ရဲ့ရေစက်ကအဆုံးမရှိတာမို့...... မင်းဘယ်လိုဖြတ်ဖြတ်ပြတ်မယ်မထင်နဲ့ တဲ့လေ......။ တစ်ချို့သောရေစက်တွေက ဘယ်လိုပင်ဖြတ်တောက်ပါစေ၊ဖြတ်တောက်မရနိုင်အောင်တည်မြဲလွန်းတယ်။ရေစက်တွေခိုင်မြဲလွန်းရင်...