အေးချမ်း
ဒီနေ့ မနက်၃နာရီခွဲလောက်ကတည်းက နိုးနေကာ အိပ်မရတော့ ။ဆရာစုကျူရှင်က ၄:၃၀ မို့ ၄:၁၅/၂၀ မှ သွားကာ လေးနာရီပုံမှန်ထနေကြလူက ဒီနေ့ ၃နာရီကျော်ကျော်လောက်ကတည်းက နိုးနေတာက ပုံမှန်မှဟုတ်ရဲ့လား....။
ယောင်ယမ်းကာ ကိုယ့်နဖူးကို စမ်းကြည့်တော့လည်းပုံမှန်ပင် ။ဒီကြားထဲ နားထဲကြားယောင်လာသည်က မြတ်သူပြောသော ဟိုနှစ်ယောက် ဆရာစု ဒုတိယသုတ်မှာ တက်နေသည်ဆိုသော စကား။ဒါလေးပြန်ကြားယောင်မိတာကို ပြုံးမိသွားသော မိမိကိုယ်ကို သတိထားမိတော့ ကိုယ့်ပါးကိုတစ်ချက်ပုပ်ကာ ပြုံးနေမိခြင်းကို ရပ်တန့်ရသည်။
ထို့နောက်စိတ်ရှုပ်ထွေးစွာ ဆံပင်တွေဆွဲဖွ ထိုးကုတ်ရင်း မျက်နှာသစ်သွားတိုက်ခြင်းအမှု ပြုရသည်။ထို့နောက် လန်းဆန်း တက်ကြွနေသော စိတ်က မျက်နှာသစ်လိုက်ခြင်းကြောင့်လား...။အင်း ဟုတ်မှာပါ.... ဒါပေမဲ့ ခါတိုင်းနေ့တွေကတော့ မျက်နာသစ်ပီးသည်အထိ ဆရာစု ကျူရှင်ချိန်အစောကြီးခေါ်ခြင်းအပေါ် မေတ္တာပို့နေမိခဲ့သည်။တကယ်ဆို သူတို့အတန်းငယ်လေးတွေကို ဒီလောက်အစောကြီး မခေါ်သင့်ဘူလေ....။
သို့သော် ဆရာစုက ဒါဟာ ၉/၁၀ တန်းအတွက် ကြိုတင်အလေ့ကျင့်ယူကာ ထရိန်နင် ပေးတဲ့သဘောတဲ့။တချို့ကျောင်းသား အများစုက အင်းပိုက်ဆံရှိအသိုင်းဝိုင်းက ကလေးတွေက ၉တန်းကတည်းက ဘော်ဒါတွေအပ်ကာသူ့ထက်ငါအပြိုင်နာမည်ကြီးဘော်ဒါတွေမှာနေကြသည်။အဲ့ခါကျမှ ဘော်ဒါစည်းကမ်းမလိုက်နိုင်တာမျိုး၊အစော မထနိုင်တာမျိုး မဖြစ်ရလေအောင်ဟု လို့တော့ မေမေကပြောဖူးသည်။
သူ့အနေနဲ့ကတော့ နောက်နှစ်ကိုယ့်ဆီနေမှာမဟုတ်တော့တဲ့ သူတွေအတွက် ကိုယ်က စေတနာထားကာ လုပ်ပေးနေဖို့လိုလို့လားဟု တွေးဖူးသည်။သို့သော် ဆရာစု ဆိုတာက မှန်းရခက်သော လူစားမျိုး တကယ့်ဆရာကောင်းတစ်ဆူ ဆိုတာ တစ်မြို့လုံးအသိ။ကျွန်တော်တို့လို ဘော်ဒါတွေ ကျူရှင်ဝိုင်းတွေ မရှိခင်ချိန် မေမေတို့ခေတ် ။မဟုတ်သေးဘူး မေမေတို့ထက်အများကြီး ကြီးတဲ့ ဦးဦးတွေခေတ်ကတည်းက ဆရာစုလက်ထွက် ဗိုလ်ကြီးတွေ၊ဆရာဝန်ကြီးတွေ နိုင်ငံခြားပြန် ပညာရှင်တွေက အများသားရယ်တဲ့ ။ဒါဆို ဆရာစုအသက်က ဘယ်လောက်ရှိပြီတုန်းဆို ၈၀ တဲ့ဗျ။ဒါပေမဲ့ ဆရာစုက သန်မာတုန်း နားပါးကာ မျက်စိလည်းလျင်တုန်းပဲမို့ စာသင်ချိန်မှာ မဟုတ်တာလုပ်ဖို့ကတော့ စိတ်တောင်မကူးလေနဲ့ လက်စောင်းထက်ချက်က ခုံစောင်းနဲ့ပါ မိတ်ဆက်ရနိုင်သည်။
YOU ARE READING
💞INFiNITY.......💞
Romanceကောင်လေးတစ်ယောက်ကကောင်လေးတစ်ယောက်ကိုပြောခဲ့တယ်...... မင်းနဲ့ငါ့ရဲ့ရေစက်ကအဆုံးမရှိတာမို့...... မင်းဘယ်လိုဖြတ်ဖြတ်ပြတ်မယ်မထင်နဲ့ တဲ့လေ......။ တစ်ချို့သောရေစက်တွေက ဘယ်လိုပင်ဖြတ်တောက်ပါစေ၊ဖြတ်တောက်မရနိုင်အောင်တည်မြဲလွန်းတယ်။ရေစက်တွေခိုင်မြဲလွန်းရင်...