*******Zawgyi*******
အေးချမ်း
မြတ်သူလင်းတို့နဲ့ ချိန်းထားရာ ဘောလုံးကွင်းဆီရောက်တော့ သူနောက်ကျနေ၍ ပွစိပွစိလုပ်ချင်နေသော မြတ်သူကို ဂုတ်မှနှိမ်ချိုး၍.......
"ငါ့ မိန်းမလေးကလည်း ပွစိပွစိသိပ်လုပ်ချင်တာပဲ"ဆိုတော့ မြတ်သူက သူ့ဗိုက်ကို တံတောင်နဲ့တွတ်ကာ ရုန်းထွက်ရင်း ဆိုလာသည်။
"ပြောပါအုန်း....နောက်ကျနေရတဲ့အကြောင်းလေး..."
"ချစ်ဆုံးကလည်း ....ဆိတ်ချီးပဲ( စိတ်ချည်းပဲ)
ငါလည်းအချိန်ကိုက် ထွက်လာတာပဲကွ အိမ်ကအထွက်မှာကိုဟို မြောက်ကျောင်းသားလေးနဲ့ ဆိုင်ကယ်တိုက်မိမလိုဖြစ်လာလို့....... ""ဘယ်သူ......."သူ ဘယ်သူ့ကိုရည်ညွှန်းပြောနေမှန်းမသိသော မြတ်သူအမေးကို ကျန်တဲ့ကောင်တွေကလည်း သိလိုဟန်စူးစမ်းလာသည်။
"အဟမ်း!!!
ဟိုကောင်လေးလေကွာ....မနှစ်က ငါစာစီစာကုံးသွားပြိုင်တော့ အဲ့ကျောင်းကဘယ်သူ့မှ သောက်ရေးမလုပ်သလို မျက်နှာဘေးနဲ့ အချေကောင်လေ
နာမည်အတိုင်း ထည်နေတဲ့ကောင်....အချေကောင်""ဪ....အေး သိပြီ
ဒါနဲ့ မင်းက သူနဲ့ဘယ်လိုဖြစ်လို့.....""ဒီလိုကွာ....သူက ဆိုင်ကယ်ကို မစီးတတ်စီးတတ်နဲ့စီးလာတယ် ငါက....."ဟူ၍ အစချီကာ ဖြစ်ကြောင်း ကုန်စင်ပြောလိုက်တော့..... ဉာဏ်ဘုဏ်းထက်က ဘာမဆိုင်ညာမဆိုင်စကားဖောက်လာသည်။
"အင်း.....ဒါလဲ
မမြင်နိုင်တဲ့ ရေစက်တစ်မျိုးပဲ...."ဟု၍ စလာရာ....."ဘော ရေစက်ပါလား...."ဟု သာပြောပြီး လူခွဲကာ ဘောလုံးစကန်ကြလေသည်။အေးချမ်း ခြေထောက်တွေ ဒီနေ့သိသိသာသာ သွက်နေကာ.....တစ်ဖက်မှာ ကျသော မြတ်သူကပင်.....
"ဘောလိုပဲ...ငိုးမ လဒ
တော်သေးတာပေါ့ သောက်မြင်ကပ်တဲ့အချေကောင်နဲ့တွေ့လာလို့သာ.....မဟုတ်ရင် တယ်ငါမပြောလိုက်ချင်ဘူး.....ဟိုဟာလေးနဲ့တွေ့လာတာကို သူ့မယ် ဗီတာမင် အလုံး၁၀၀ သောက်လာသလားမှတ်ရတယ်
ဘောလိုပဲ လခွမ်းတဲ့....""ဟား.....ဟား....."သူမြတ်သူစကားကို သဘောကျစွာရယ်မိသည်။အမှန်လည်း သူဒီနေ့ ခါတိုင်းထက် အူမြူးတက်ကြွနေသည်ကိုး။
ESTÁS LEYENDO
💞INFiNITY.......💞
Romanceကောင်လေးတစ်ယောက်ကကောင်လေးတစ်ယောက်ကိုပြောခဲ့တယ်...... မင်းနဲ့ငါ့ရဲ့ရေစက်ကအဆုံးမရှိတာမို့...... မင်းဘယ်လိုဖြတ်ဖြတ်ပြတ်မယ်မထင်နဲ့ တဲ့လေ......။ တစ်ချို့သောရေစက်တွေက ဘယ်လိုပင်ဖြတ်တောက်ပါစေ၊ဖြတ်တောက်မရနိုင်အောင်တည်မြဲလွန်းတယ်။ရေစက်တွေခိုင်မြဲလွန်းရင်...