Part_1

2.8K 154 10
                                    

Zawgyi

"ကင်ထယ်ယောင်း!!!"

စဉ်းစားကြည့်စမ်းပါ...

လောကကြီးထဲ လူရယ်လို့မွေးဖွားလာပြီဆို ကိုယ်လိုချင်တဲ့ ဘဝကြီးကို လက်ညိုးထိုး ရွေးချယ်လို့မရမှန်း ခင်ဗျားတို့လည်းအသိ။

ဖြစ်တည်လာတဲ့ဘဝပေးက မက်မောလောက်တဲ့ အခြေအနေဆို မဆိုသာပေမယ့်...တခြားသူမဆိုစေနဲ့အုံး...ကိုယ်ကိုယ်တိုင်က မလိုချင်၊ မနှစ်မြို့တဲ့ဘဝဆိုရင် ဘယ်သူကကော ဝမ်းပန်းတသာ ရှိပါ့မလဲ။

ကျုပ်ရဲ့ဘဝ၊ ကျုပ်ရဲ့ခန္ဓာ၊ ယုတ်စွအဆုံး ကျုပ်ရဲ့နာမည်ကအစ မြင်တွေ့၊ ခေါ်တွင်ရတာကိုက စိတ်ပျက်ဖို့ကောင်းတယ် တဲ့။

ဝမ်းမနည်းပါဘူး...ကျုပ်ကိုယ်တိုင်လည်း စိတ်ပျက်မိတာပဲလေ။

ဒါပေမယ့်...ကျုပ်ရဲ့နာမည်ကို ချစ်ရသူက ခေါ်တွင်တဲ့ အချိန်ဆိုရင်တော့ သိပ်ကိုလှတယ်လို့ ခံစားမိတယ်။

အင်း...ချစ်ရသူ ပါးစပ်ဖျားက ထွက်လာလို့ထင်တယ်။

ခုပဲကြည့်...ချစ်ရသူပါးစပ်ဖျားက ခေါ်တွင်နေပြီလေ...မလှဘူးလား...။

"ကင်ထယ်ယောင်း!!! ကျုပ်ခေါ်နေတာ မကြားရအောင် ခင်ဗျား စိတ်တွေဘယ်ရောက်နေတာ ဟမ်!!!"

ဟောကြည့်...ချစ်ရသူက စိတ်ဆိုးနေပြီ။
သူခေါ်တာမကြားလို့တဲ့လေ...။
အမှန်က နားထောင်ကောင်းလွန်းလို့ ဈာန်ဝင်သွားတာကို သူကမသိဘူး။
ခက်တော့ခက်နေပြီ။

"သောက်ချိုးတွေပြင်ထားသိလား...ရောင့်တက်မလာနဲ့...ကိုယ့်သောက်ဆင့်ကိုယ်သိ"

သိတာပေါ့...သိပ်သိတာပေါ့။

မသေယုံတစ်မယ်ကျွေးတယ်။
မတန်မရာ ခိုင်းတယ်။
မထင်ရင်မထင်သလို နှိပ်စက်တတ်သေးတယ်။

ဒီလိုဒဏ်တွေကို မွေးမိဘတွေလက်ထဲက ခံလာခဲ့ရလို့လားမသိဘူး...သိပ်တော့မမှုတော့သလိုပဲ။

ဒီနေရာမှာ ခင်ဗျားတို့တွေးမိလိမ့်မယ်...လွတ်မြောက်ဖို့မကြိုးစားဘူးလားလို့။
သူတို့က အဓမ္မချုပ်နှောင်ထားတာမဟုတ်ဘူး..ကျုပ်ကိုယ်တိုင်က ဒီဆင်းရဲတွင်းထဲကို ခုန်ဆင်းခဲ့ရတာ...ကျုပ်ဆန္ဒမပါပေမယ့်ပေါ့။

တန်ပြန် / တန်ပြန်Where stories live. Discover now