(A/N:: အပေါ်ကပုံက ချောင်လင်းဖန်ရဲ့ပုံလေးပါ)Zawgyi
(ဒီအပိုင်းကစပြီး ချောင်လင်းဖန်လို့ပဲ သုံးပါတော့မယ်)
ချောင်လင်းဖန် သူ့နေရပ်မြို့နယ်လေးကို ရောက်တော့ မူလပိုင်ရှင်ရဲ့မှတ်ဥာဏ်အတိုင်း သူငယ်စဉ်ကနေထိုင်ခဲ့သော မိဘမဲ့ဂေဟာလေးဆီသို့ ခြေလှမ်းများဦးတည်လိုက်တော့၏။
ဂေဟာထဲဝင်လာချိန်မှာတော့ ကစားကွင်းငယ်လေးထဲ ဆော့ကစားနေကြသော ကလေးငယ်များနှင့် ... ကစားကွင်းငယ်အနားတွင် ဆော့ကစားနေသော ကလေးများအားကြည့်၍ ... လင်မယားဖြစ်ပုံရသော စုံတွဲတစ်တွဲနဲ့ စကားပြောနေသော ဂေဟာမှူးတို့ကို တွေ့လိုက်ရသည်။ ထိုလင်မယားစုံတွဲပြန်သွားတော့မှ သူလည်းဂေဟာမှူးဆီသို့သွားရန် ခြေလှမ်းများလှမ်းလိုက်တော့သည်။
"ချန်မား … မတွေ့ရတာကြာပြီနော် "
"…ဖန်အာ?"
မာသာချန်လီမေရဲ့ အံ့သြပြီးမယုံကြည်နိုင်ဟန်ရှိသော မေးခွန်းအား ပြုံးကာခေါင်းညိတ်ပြလိုက်တော့ … ပျော်ရွှင်သွားဟန်ဖြင့် ဝမ်းပန်းတသာဖြင့်ပွေ့ဖက်လာတဲ့ မာသာကြောင့် ပြန်လည်ဖက်တွယ်လိုက်မိသည်။ နွေးထွေးလိုက်တာ ...။
"ဖန်အာရယ် ပြန်လာတာကို ဘာလို့ဖုန်းကြိုမဆက်ရတာလဲကွယ် … သားသာဖုန်းကြိုဆက်ရင် ချန်မားက လာကြိုမှာပေါ့ ... အခုရော ဒီကိုလာလည်တာလား? ဘယ်လောက်ကြာအောင် နေမှာလဲ?"
"ကျတော် အပြီးပြန်လာတာပါ … ချန်မာူးက ကျတော့်ကို ခေါ်ထားနိုင်မလား? တခြားနေရာတွေက ကျတော့်အတွက် အေးစက်လွန်းတယ် …"
"ဒီဂေဟာကြီးက သားရဲ့ကြီးပြင်းလာခဲ့တဲ့နေရာပဲလေ ... ဒါကြောင့် သားကို ဒီနေရာလေးက အမြဲကြိုဆိုပြီးသားပါကွယ် ..."
မာသာချန်လီမေ၏စကားက လင်းဖန်ကို အတော်လေးနွေးထွေးမှုပေးတာကြောင့် ... ငိုချင်နေတဲ့စိတ်ကိုတင်းလို့ ချန်မားရဲ့ရင်ခွင်ထဲသို့ ကလေးငယ်တစ်ယောက်လို တိုးဝေ့ဖက်တွယ်လိုက်မိသည်။
YOU ARE READING
ဇာတ်လိုက်အတွဲအားဖျက်ကြမယ် System (OwnCreation)
RandomName - ဇာတ်လိုက်အတွဲအားဖျက်ကြမယ်system (or) System Heartbreaker :: [Hello! တွေ့ရတာဝမ်းသာပါတယ်host! ကျတော်ကတော့ system Z ဖြစ်ပါတယ် ...] :: 'ကြွက်? ကြွက်ကစကားပြောတတ်တာလား?' === === === :: "ကြွက်စုတ်ကောင်!!! ခုထွက်လာခဲ့စမ်း!!! " ::...