Arc2(3)Z/U

7.5K 736 4
                                    

Zawgyi

   တစ်ကိုယ်လုံးတွင် အဖြူရောင်အမွှေးများဖုံးလွှမ်းနေသည့် ဝိညာဉ်သားရဲကြီးနှင့် ထိုဝိညာဉ်သားရဲကြီး၏အပေါ်တွင်စီးနင်းလိုက်ပါလာသော အနက်ရောင်ယုန်နားရွက်လေးနှင့်ကောင်လေးတစ်ယောက်တို့ဟာ တောအုပ်ရဲ့အပြင်ဘက်ဆီသို့ တဖြည်းဖြည်းထွက်လို့လာလေသည်။ ထိုယုန်နားရွက်ပိုင်ရှင်ကောင်လေး၏ လက်တစ်ဖက်တွင် ခေါက်ယပ်တောင်လေးတစ်ချောင်းကို ဆော့ကစားလို့နေပြီး သူ၏ရင်ခွင်ထဲတွင်လည်း ဖြူလုံးလုံးအမွှေးလုံးလေးနှစ်ခုကို ထွေးပွေ့လို့ထား၏။ ထိုယုန်နားရွက်နဲ့ကောင်လေးမှာ တစ်ခြားသူမဟုတ်ပေ ...။ ဤကမ္ဘာတွင် missionလာလုပ်နေသော zeroတစ်ဖြစ်လည်း အိုင်ဗန်ပင်ဖြစ်သည်။

   အိုင်ဗန်တစ်ယောက် တောအုပ်အစပ်၏ အမြင့်တစ်နေရာနားရောက်တော့ Theoကိုရပ်ခိုင်းလိုက်၏။ ထို့နောက် အရှေ့ခပ်လှမ်းလှမ်းဆီမှ ကြီးမားသောမြို့ရိုးတံတိုင်းကြီးဖြင့်ကာရံထားသော မြို့တော်ကြီးအားလှမ်းကြည့်လိုက်လေ၏။ ထိုမြို့တော်ဟာ ဤကမ္ဘာရှိဇာတ်လိုက်တည်ရှိရာ နဂါးမျိုးနွယ်စုအုပ်ချုပ်သည့် အဲဗရက်စ်မြို့တော်ပင်ဖြစ်သည်။ အဲဗရက်စ်မြို့တော်သည် ရေပေါ်ကျွန်းကြီးသဖွယ်တည်ရှိနေသော မြို့တော်တစ်ခုဖြစ်ပြီး တော်ဝင်နဂါးမျိုးနွယ်တို့အုပ်ချုပ်ရာ ပင်မမြို့တော်ကြီးတစ်ခုဖြစ်သည်။ ထိုမြို့တော်နှင့် ယခုအိုင်ဗန်ထွက်လာခဲ့သောတောအုပ်ကြီးဟာ နီးကပ်နေခြင်းမရှိသလို ဝေးကွာနေခြင်းမျိုးလည်းမဟုတ်ပေ ...။ ယခုတောအုပ်ကနေ မြို့တော်ဆီသို့ရောက်နိုင်ရန်အတွက် အနည်းငယ်မျှကျယ်ပြန့်သော မြက်ခင်းပြင်အချို့ကို ဖြတ်လျှောက်ပြီးသည်နှင့် အတော်လေးရှည်လျားလှသော တံတားရှည်ကြီးကိုဖြတ်ကျော်ပြီးမှ မြို့တော်ရဲ့ဂိတ်တံခါးဝသို့ ရောက်ရှိမှာဖြစ်သည်။

   "ဂြီ~~~~"

   ရှေ့တည့်တည့်မှ လှမ်းမြင်နေရသောအဲဗရက်စ်မြို့တော်ကိုလှမ်းကြည့်နေရင်း ဝမ်းဗိုက်ဆီမှထွက်ပေါ်လာတဲ့အချက်ပေးသံကြောင့် ဒီကမ္ဘာဆီစတင်ကူးပြောင်းလာပြီးကတည်းက ဘာမှမစားရသေးတာကို သတိရသွားလေသည်။ ထို့ကြောင့် လက်ထဲကခေါက်ယပ်တောင်ကိုပြန်သိမ်းကာ မှော်လက်စွပ်ထဲကနေ ကြည်လင်ကာတောက်ပနေသော အရောင်မတူသောသလင်းကျောက်သုံးတုံးကို ထုတ်ယူလိုက်၏။ ဒီသလင်းကျောက်တွေကို မှော်ဝိညာဉ်ကျောက်တုံးလို့ခေါ်ပြီး ဒီဟာတွေကိုTheoတို့ရဲ့ကျေးဇူးကြောင့် ရရှိလာခဲ့ခြင်းဖြစ်သည်။

ဇာတ်လိုက်အတွဲအားဖျက်ကြမယ် System (OwnCreation)Where stories live. Discover now