Arc1(8)Z/U🚨🚨

7K 381 4
                                    

(A/N :: ဤအပိုင်းတွင် mature sence🚨🚨 အနည်းငယ်ပါပါသောကြောင့် ၁၈နှစ်အောက်ကလေးများနှင့် အိပ်ရာပေါ်မှအရေးအသားများကို မကြိုက်နှစ်သက်သူများ ကျော်သွားနိုင်ပါတယ် ... မဖတ်ချင် မဖတ်လို့လည်းရပါတယ် ... reportတော့ မထုကြပါနဲ့လို့ ကြိုတင်ပြောထားချင်ပါတယ် ... ကျေးဇူးတင်ပါတယ် ...)

Zawgyi

   လင်းဖန် သူအခု ရဲစခန်းကိုရောက်နေခြင်းဖြစ်သည်။ ဒီနေ့မနက်တွင် ရိဖန်လေးရဲ့မိခင် ဖြစ်နိုင်ခြေရှိသူကို တွေ့ထားသည်ဟု ဖုန်းဆက်ပြောလာတာကြောင့် ... လာကြည့်ကာ ရိဖန်လေးရဲ့အမေဟုတ်မဟုတ်ကို လာစစ်ဆေးခြင်းဖြစ်သည်။

   "ဒီအစ်မက သူ့ကလေးကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ပျောက်သွားလို့တိုင်ချက်လာဖွင့်ထားတဲ့သူပါ ... အရင်ရက်တွေတုန်းက ကျတော်လည်း အခြားတိုင်တန်းထားတဲ့အမှုတွေကို ဖြေရှင်းနေရင်း အလုပ်တွေရှုပ်နေတာနဲ့ မသိလိုက်ဘူးဖြစ်သွားတယ် ... ဒီမနက်မှ ဖိုင်အချို့ကိုရှာရင်း ဒီအစ်မတိုင်ချက်ဖွင့်ထားတာကိုတွေ့ပြီး အစ်ကို့ဆီမှာရှိနေတဲ့ကလေးက ဒီအစ်မရဲ့ကလေးများဖြစ်နေမလားဆိုပြီး လှမ်းဆက်သွယ်လိုက်ရတာပါ ..."

   လင်းဖန် သူ့ကိုမိတ်ဆက်ပေးလာတဲ့ အမျိုးသမီးကို တိတ်တဆိတ်အကဲခတ်လိုက်ပြီး ပြန်ဖြေလိုက်၏။

   "ရပါတယ် ... ဒါက ကလေးရဲ့ဓာတ်ပုံပါ ... အစ်မရဲ့ကလေးဟုတ်မဟုတ် ကြည့်ကြည့်ပေးပါ ..."

   လင်းဖန်ထုတ်ပေးလိုက်သော ဓာတ်ပုံလေးကို တစ်ဖက်အမျိုးသမီးက တုန်ယင်နေသောလက်များဖြင့် ဖြည်းညင်းစွာဆွဲယူပြီး ကြည့်လိုက်သည်။ သို့သော်လည်း ဓာတ်ပုံကြည့်ပြီးပြီးချင်းမှာပင် သူမမျက်ဝန်းများထဲမှ မျက်ရည်အချို့ကျဆင်းလာပြီး ခေါင်းခါလာလေသည်။

   "ဒါ ယွဲ့အာမဟုတ်ဘူး ..."

   ထိုအမျိုးသမီးမှာ ကိုင်ထားသောဓာတ်ပုံလေးကို သေသေချာချာပြန်ချပေးပြီး အားနည်းနေဟန်ရှိသော ခန္ဓာကိုယ်ဖြင့် မတ်တပ်ရပ်လိုက်ပြီး ခေါင်းညွတ်အရိုအသေပြုလို့ ချိနဲ့နေသောခြေလှမ်းများဖြင့် ရဲစခန်းထဲမှတစ်လှမ်းချင်း ထွက်ခွာသွားလေ၏။

ဇာတ်လိုက်အတွဲအားဖျက်ကြမယ် System (OwnCreation)Where stories live. Discover now