Zawgyi
Arc2-6
အိုင်ဗန်လေလံစင်နားကိုရောက်တော့ လေလံဆွဲခြင်းကစတင်နေပြီဖြစ်သည်။ ယခုလေလံပွဲမှာ အဆင့်နိမ့်လူတစ်ပိုင်းသားရဲမျိုးနွယ်များအား အစေခံကျွန်များအဖြစ်လေလံဆွဲနေကြခြင်းဖြစ်သည်။ ရုပ်ရည်လှပသောအဆင့်နိမ့်မျိုးနွယ်လေးတွေမှာ လိင်ကျွန်များအဖြစ်အဆုံးသတ်ကြရပြီး အပြစ်အနာအဆာပါသော ကံဆိုးရှာသည့် အချို့အဆင့်နိမ့်မျိုးနွယ်လေးတွေကတော့ သားရဲအမဲလိုက်တဲ့နေရာမှာ ငါးစာအဖြစ်အသုံးချခံရပြီး သေဆုံးကြရလေသည်။ ထို့ကြောင့် မည်ကဲ့သို့သောအဆုံးသတ်ပဲဖြစ်ဖြစ် မကောင်းတာကြောင့် ယခုကဲ့သို့လေလံဆွဲအရောင်းချခံရခြင်းကို မည်သူမှမနှစ်သက်ကြတာကြောင့် အခုလိုအခြေနေမျိုးတွင် စိုးရွံ့ထိတ်လန့်နေမှုတို့နှင့် ကြောက်ရွံ့နေသောအမူအရာတို့ကသာ စင်ပေါ်ရှိအဆင့်နိမ့်မျိုးနွယ်လေးတွေရဲ့မျက်နှာထက်မှာ ပြည့်နှက်လို့နေ၏။ အခုလေလံအဆွဲခံနေရသူမှာ အိုင်ဗန်လိုမျိုး ယုန်မျိုးနွယ်လေးတစ်ယောက်ပင် ... ဇာတ်လိုက်မကိုတော့ နောက်ဆုံးပိတ်မှလေလံတင်မှာဖြစ်တာကြောင့် ယခုလောလောဆယ်တော့ ဇာတ်လိုက်မက လေလံစင်ရဲ့ဘေးဘက်ထောင့်အကွယ်နေရာ၌ ရွှေလှောင်အိမ်တစ်ခုထဲထည့်ပိတ်ခံထားရလေသည်။ ဇာတ်လိုက်မကို စတွေ့ပြီးကတည်းက ဇာတ်လိုက်မရဲ့ရွှေပေါင်ဖက်ခွင့်ရမယ့်အခွင့်အရေးကို ဖျက်စီးဖို့စိတ်ကူးထားပြီးသားမို့ ဇာတ်လိုက်နှစ်ယောက်အတူရှိသွားမယ့်အခွင့်အလမ်းတွေကို အတတ်နိုင်ဆုံး ဖျက်စီးပစ်ရလိမ့်မည်။ ထို့ကြောင့် ဇာတ်လိုက်မအား စျေးအမြင့်ဆုံးဖြင့် ဇာတ်လိုက်ထံမှလေလံဆွဲမခံရဖို့အရေး အိုင်ဗန်တစ်ယောက် စင်ပေါ်တက်ကာလေလံပွဲကို စတင်ဖျက်တော့သည်။
"ခင်များတို့တွေ ခုထိမပြီးကြသေးဘူးလား!!!"
"........"
ရုတ်တရက်ကြီး စင်ပေါ်ရောက်လာပြီးမေးလာတဲ့သူကြောင့် ခန်းမတစ်ခုလုံးရဲ့အကြည့်တွေက အိုင်ဗန်ရဲ့ပုံရိပ်ကလေးရှိရာဆီ စုပြုံကျရောက်သွားလေသည်။ အိုင်ဗန်ကတော့ အကြည့်ပေါင်းစုံကိုလျစ်လျူရှု၍ သူ့ရဲ့အနှောက်အယှက်ပေးခြင်းလုပ်ငန်းစဥ်ကို ဆက်လက်လုပ်ဆောင်လို့နေ၏။
YOU ARE READING
ဇာတ်လိုက်အတွဲအားဖျက်ကြမယ် System (OwnCreation)
RandomName - ဇာတ်လိုက်အတွဲအားဖျက်ကြမယ်system (or) System Heartbreaker :: [Hello! တွေ့ရတာဝမ်းသာပါတယ်host! ကျတော်ကတော့ system Z ဖြစ်ပါတယ် ...] :: 'ကြွက်? ကြွက်ကစကားပြောတတ်တာလား?' === === === :: "ကြွက်စုတ်ကောင်!!! ခုထွက်လာခဲ့စမ်း!!! " ::...