Arc2(5)Z/U

4.9K 306 23
                                    

Zawgyi

   ပတ်ဝန်းကျင်တစ်ခုလုံး အတော်လေးအုံ့မှိုင်းကာ ပြင်းထန်သောဖိအားအရှိန်အဝါတွေနဲ့ ပြည့်နှက်နေသောတောင်၏ ပတ်ဝန်းကျင်အနီးတစ်ဝိုက်သို့ အိုင်ဗန်တစ်ယောက် သားရဲပေါက်လေးနှစ်ကောင်နှင့် သူ၏ဆက်နွယ်သားရဲတို့ဖြင့် အတူတူရောက်ရှိလာခဲ့ကြလေသည်။

   လွန်ခဲ့သောနှစ်ရက်ခန့်က အိုင်ဗန်ကယ်တင်ပေးခဲ့သော ထိုအမျိုးသမီး၏အပြောအရ ဤတောင်ဟာ ယခင်နှစ်ရာပေါင်းများစွာတုန်းက ရှေးဟောင်းဝိညာဉ်သားရဲဘုရင်နှင့် မှော်နက်မိစ္ဆာဘုရင်တို့၏ ရက်ပေါင်းအတော်ကြာအောင် တိုက်ပွဲဖြစ်ခဲ့ပြီးနောက်တွင် နှစ်ဖက်စလုံးဒဏ်ရာအပြင်းအထန်ရကာ သေဆုံးခဲ့ကြရာမှ ဖြစ်ပေါ်လာသည့် ကြီးမားသောသင်္ချိုင်းတောင်ပို့ကြီးတစ်ခုဖြစ်ကြောင်းနှင့် မည်သည့်သက်ရှိမှ ဖြတ်သန်းသွားလာရဲခြင်းမရှိကြောင်းသိခဲ့ရလေသည်။ စွမ်းအားကြီးမားလှသော သားရဲနှစ်ကောင်တို့၏ သေဆုံးခြင်းကြောင့် ဖြစ်တည်လာတဲ့တောင်ကြီးတွင် မတူညီတဲ့အရှိန်အဝါတွေရဲ့ ပေါင်းစပ်မှုတို့ကြောင့် ပြင်းထန်တဲ့လေထုဖိအားတွေ ဖြစ်တည်လို့နေ၏။ တောင်ခြေပတ်လည်နားမှာရှိနေတဲ့ လေထုဖိအားအနည်းငယ်လေးကတောင်မှ မှော်စွမ်းအင်အလယ်အလတ်အဆင့်ရှိသူတစ်ယောက်ကို တစ်ခဏအတွင်း ဒူးညွတ်ကျကာ သွေးအန်သွားစေနိုင်သည်အထိပင် ...။

   အိုင်ဗန့်ထံတွင် ထိုသို့သောဖိအားအရှိန်အဝါတွေ သက်ရောက်ခြင်းမရှိရသောအကြောင်းအရင်းကတော့ ... သူ့တွင် systemဆီမှရရှိထားသော မှော်လက်စွပ်ရဲ့အကျိုးကျေးဇူးကြောင့်ပဲဖြစ်သည်။ သို့သော်လည်း ငယ်ရွယ်သေးလှသော သားရဲပေါက်လေးတွေကတော့ လေးလံလှသောလေထုထဲမှ အရှိန်အဝါအချို့ကို ခံစားသိရှိနေသည့်အလား တုန်ရီနေကြလေသည်။ ထို့ကြောင့် အကောင်ပေါက်လေးနှစ်ကောင်အား အမွှာတြွေဖစ်တဲ့lightနဲ့darkရယ် သားရဲပေါက်လေးတွေရဲ့မိခင်ဖြစ်သော သားရဲမေမေကြီးmoonရယ်နဲ့အတူ အန္တာရာယ်ကင်းသော တောင်၏ခပ်လှမ်းလှမ်းတစ်နေရာတွင် ကျန်နေရစ်စေခဲ့ပြီး ... theoနဲ့အတူ တောင်၏အတွင်းပိုင်းဆီသို့ ထွက်ခွာလာခဲ့လိုက်၏။

   နေ့တစ်ဝက်ခန့်နီးပါး အချိန်ကုန်လွန်ပြီးနောက်မှာတော့ ... တောင်ခြေအနီးရှိ သူ၏ဆက်နွယ်သားရဲတွေရှိနေသော နေရာဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြ၏။ တောင်တစ်ခုလုံးကို လေ့လာကြည့်ရှုခဲ့ပြီးနောက်တွင် ... ဤတောင်သို့ မည်သူမျှလာရောက်ဖူးခြင်းမရှိကြောင်းကို အိုင်ဗန်အား ပို၍သေချာစေခဲ့လေသည်။ ထို့အပြင် ... တောင်၏အတွင်းဘက်ဆုံးတွင် တည်ရှိနေသော လှိုဏ်ဂူကြီးထဲ၌ အလိုလိုဖြစ်တည်လာသော မှော်သလင်းကျောက်တွေက နေရာအနှံ့ရှိလို့နေပြီး တစ်ကြိမ်တစ်ခါမျှတောင်မှ တူးယူထားဖူးခြင်းမျိုးလည်း မတွေ့ရပေ ...။ ကံကောင်းသည့်တစ်ခုမှာ ... တောင်၏အတွင်းဘက်အကျဆုံးနေရာတစ်ခုဆိုလျှင် ဘာမှော်စွမ်းအင်မှမရှိကြတဲ့သာမန်လူတွေတောင် နေထိုင်လို့ရသည့်အပြင် လယ်ယာစိုက်ပျိုးရေးပါ လုပ်ကိုင်လို့ရတာကို အိုင်ဗန်မထင်မှတ်စွာ တွေ့ရှိခဲ့ရသေးသည်။ ဒီလိုရွှေတွင်းကြီးအား မည်သူတစ်ဦးတစ်ယောက်မှ မတွေ့ရှိမသိမိခဲ့ကြတာက အိုင်ဗန့်အတွက် မဟာကံကောင်းမှုကြီးတစ်ခုပင်ဖြစ်သည်။

ဇာတ်လိုက်အတွဲအားဖျက်ကြမယ် System (OwnCreation)Opowieści tętniące życiem. Odkryj je teraz