Arc1(12)Z/U🚨🚨🚨

3.8K 390 2
                                    

(Warning ကြိုပေးပါတယ်နော် ... ဖတ်ပြီးမှ တစ်ချို့သူတွေလို Rpမထုကြပါနဲ့ မဖတ်ချင် မဖတ်လို့ရပါတယ် warningကလည်း ဖတ်ချင်တဲ့သူတွေရှိလို့ ရေးပေးတာပါ ... တစ်ချို့သူတွေဆိုရင် ကြိုပြောထားတာတောင် Rpတွေမိနေကြတာ ကိုယ်တိုင်မြင်နေရလို့ပါ ... မဖတ်ခင် ကြိုသတိပေးပါတယ် 18+မို့ မဖတ်ချင် မဖတ်ပါနဲ့ ဖတ်ပြီးရင်တော့ rpမထုဖို့ ကြိုပြောပါတယ်နော် ... ကျေးဇူးတင်ပါတယ်)

Zawgyi

   အဖြူရောင်ကုတင်ကျယ်ကြီးပေါ်မှာ  မျက်လုံးလေးနှစ်ဖက်ကိုပိတ်လို့ နှစ်ခြိုက်စွာ အိပ်စက်နေတဲ့ အဖြူရောင်ကောင်လေးတစ်ယောက်ရှိသလို ... ဘေးတွင် လည်း ထိုအဖြူရောင်ကောင်လေးရဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ဖက်ကာ အိပ်စက်နေတဲ့ နောက်ထပ်အဖြူရောင်ကောင်လေးတစ်ယောက်လည်း ရှိလေသည်။ ထို့နောက် အဖက်ခံထားရသောကောင်လေးရဲ့ မျက်ဝန်းများက ဖြည်းညှင်းစွာပွင့်ဟလာခဲ့သည်။

   လင်းဖန် သူ့မျက်နှာနားမှာ တိုက်ခတ်နေသော လေနုအေးအေးလေးကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ... သူ့မျက်နှာနှင့် လက်နှစ်လုံးစာလောက်သာ ကွာဝေးသော ရွှီစစ်ယွင်ရဲ့မျက်နှာချောချောကို မြင်လိုက်ရလေသည်။

   အလွန်နီးကပ်လှသော အနေအထားမှာ ... သူ့ခန္ဓာကိုယ်ကလည်း ရွှီစစ်ယွင်ရဲ့ရင်ခွင်ထဲ နစ်မြုပ်နေပုံမှာ ... ရုတ်တရက်ကြည့်လျှင် လူနှစ်ယောက်က တစ်ယောက်ထဲလို့သာ ထင်နိုင်လောက်အောင်အထိပင်ဖြစ်သည်။

   အနီးကပ်မြင်နေရသော ရွှီစစ်ယွင်ရဲ့မျက်နှာချောချောအား တစ်နေရာချင်းစီ သေသေချာချာ လိုက်ကြည့်နေမိပြီးနောက်မှာတော့ ... လင်းဖန် နှုတ်ခမ်းလေးထော်ကာ ဆူပုပ်ပုပ်လေးဖြစ်လာသည်။

   'ဒီလူကြီးက ဘာလို့ဒီလောက်ကြည့်ကောင်းနေရတာလဲ!?´

   ရုတ်တရက် မျက်လုံးမဖွင့်ဘဲ ပြောလာသူကြောင့် လင်းဖန် အံ့သြစိတ်နဲ့အတူ လန့်သွားရသည်။

   "ကြည့်လို့ဝပြီလား?"

   "ဟင်!!! နိုး နိုးနေတာလား? ဘယ်တုန်းတည်းကလဲ?"

   "မင်းကိုယ့်မျက်နှာကို ခိုးကြည့်နေကတည်းက!"

   ရွှီစစ်ယွင်ရဲ့ ခပ်ပြုံးပြုံးမျက်နှာနဲ့ ပြောလာသောစကားကြောင့် ... လင်းဖန် ရှက်စိတ်ဖြင့် ရွှီစစ်ယွင်ရဲ့ရင်ခွင်ထဲမှ ရုန်းထွက်ဖို့ကြိုးစားလိုက်၏။

ဇာတ်လိုက်အတွဲအားဖျက်ကြမယ် System (OwnCreation)Wo Geschichten leben. Entdecke jetzt