Zawgyi
ဒါနဲ့ ငါသေသေချာချာကြည့်တော့ အသက်တောင်မနည်းရှုနေရတယ် ငါလေးကစိတ်ထားကောင်းသူလေးပဲ အဲ့တော့ အိမ်ထဲရွှေ့ဖို့လုပ်ရတာပေါ့.....အမယ်လေး လေးလိုက်တဲ့လူကြီးပါလား ငါ့ကိုယ်ကသေးသေးလေးရယ် မနည်းသယ်ရတယ်..ဟူး.သူများအသက်ကယ်ရတာလဲမလွယ်ပါလား ငါ့လို စိတ်ထားကောင်း သူလေးနဲ့တွေ့လို့ပေါ့ ဟုတ်တယ်လေ ငါကရုပ်လေးချောသလောက် စိတ်ပုပ်တယ်လို အပြောမခံနိုင်ပေါင်..
ငါ့အိမ်အစုတ်လေးထဲ ရောက်တော့မှ ငါသတိရတယ် ငါ့အိမ်မှာ ကုတင်သေးသေးလေးတစ်လုံး ရယ် စားပွဲခုံအစုတ်လေးရယ် ထိုင်ခုံလေးတစ်လုံး မီးဖိုခန်းသေးသေးလေးရယ်ပဲရှိတာ မီးဖိုခန်းဆိုတာလည်း ပြောသာပြောတာ
ဘာမှမရှိဘူးရယ် တစ်ခါမှလည်းမချက်ဘူး ငါ့ကိုဆိုင်ရှင်ကြီးက ပိုတဲ့ခေါက်ဆွဲတွေကျွေးတယ်လေ အဲ့တော့ မလိုဘူးပေါ့...ငါတွေးလိုက်တယ် သူကဒဏ်ရာရထားတာ အဲ့တော့သဘောကောင်းလက်စနဲ့ ငါသူ့ကိုကုတင်ပေါ်တင်ပြီး ဒဏ်ရာကိုဆေးထည့်ပြီး ပတ်တီးစည်း ပေးလိုက်တယ် ငါလည်းကြမ်းပြင်မှာ နှီးဖျာလေးခင်းပြီး အိပ်ဖို့လုပ်ရုံပေးရှိသေး
ဟိုလူကြီးဆီက အသံကြားလို့ ကြည့်လိုက်တာ
ဟာ..ကိုယ်တွေပူနေပါလား ဒါနဲ့ငါလည်း ရေပတ်တိုက်ခြင်း အလုပ်ကို လုပ်လိုက်တာ ညလယ်လောက်ရောက်တော့ ဘယ်လိုအိပ်ပျော်သွားမှန်းမသိဘူး......မနက်ငါ့မျက်နှာနေထိုးမှနိုးတယ်..ငါအရင်ဆုံးတွေးလိုက်မိတာ ဆိုင်ရှင်ကြီးမျက်နှာ ငါအလုပ်နောက်ကျလို့ အပြောခံရတော့မှာပဲလို့ တွေးလို့မှမဆုံးသေး အသံကြားလို့ ကြည့်လိုက်တော့ ဟိုလူကြီးပေါ့ ညကငါဝယ်လာပြီး မေ့ပြီး မစားဖြစ်တဲ့ အသားပေါက်စီတွေထိုင်စားနေတာတွေ့တော့ ငါသွေးမျက်ရည်ကျလုနီးနီးပဲ
တွေးကြည့်လေ ငါတောင်တစ်လမှတစ်ခါစားနိုင်တဲ့ဟာကို သူကစားနေတာ ငါလည်းစိတ်ထဲမှာကျိမ်နေရုံမကဘူး ပါးစပ်ကလည်းထွက်သွားသေးတယ် နင်ငါ့မုန့်ကိုပိုင်ရှင်မသိပဲ ယူစားရအောင် ငတ်နေလားလို့ စိတ်တိုတိုနဲ့ပြောလိုက်တယ်....
YOU ARE READING
Dream.... ( Z + U ) ( Complete )
Short Storyလူ့ဘဝဆိုတာ အနိမ့်အမြင့်အတတ်အကျရှိကြတာပဲ အဲ့လိုပဲပေါ့ ငါ့ဘဝကြီးကလည်း ငရဲတစ်ခါ နတ်ပြည့်တစ်လှည့်ပါပဲလေ.....နင်တို့တွေးနေကြမှာပဲ ဘာလို့ အဲလိုပြောရတာလဲပေါ့....ငါရှင်းပြရမှာပေါ့လေ...တစ်နေ့ပေါ့ ငါ့လုပ်ရိုးလုပ်စဉ်အတိုင်း ခေါက်ဆွ...