Zawgyi
ဒီလိုနဲ့ နှစ်ပတ်လောက်ကြာတော့ပုံမှန်လိုပဲ ငါလည်းဆိုင်သိမ်းပြီးအိမ်ပြန်လာတာပေါ့
အိမ်ရောက်တော့ ဟိုလူကြီးကိုမတွေ့တော့ဘူး အဲ့အစား ခုံပေါ်မှာစာတစ်စောင်ထားခဲ့တယ်
သူပြောတာ ကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် ခုတော့သူ့အိမ်မှာ သူ့အဖေသေလို့ ညီအစ်ကိုတွေရန်ဖြစ်ကြလို့ အိမ်ပြန်ရမယ်တဲ့
ပြီးတော့ ငါ့ကိုလည်းပြန်လာခေါ်မယ်တဲ့
လက်ဆောင်တစ်ခုပါပေးဦးမယ်တဲ့
ငါစိတ်ထဲတွေးမိတယ် တစ်ခါတစ်လေ မိသားစုမရှိတာလည်းအကောင်းသားလို့
ခုပဲကြည့်လေ အဖေသေလို့ ညီတွေရန်ဖြစ်တယ်တဲ့ ကြားလို့မှမကောင်း ငါစိတ်လည်း နည်းနည်းဆိုးတယ် ဘာလို့ဆို သူပြန်တာငါ့တောင်တွေ့မသွားဘူး လေဒါနဲ့ငါလည်း အရင်လိုပဲ ဆိုင်သွားလိုက် အိမ်ပြန်လိုက်နေရင်း သတင်းတစ်ခုကြားမိတယ်
ဘုရင်အသစ်နန်းတတ်တယ်တဲ့ အဲ့တာဘာထူးဆန်းလဲပေါ့ မထူးဆန်းပါဘူး
ထူးဆန်းတာက သူကနန်းတတ်ပွဲမှာ မိဖုရားမပါဘူးတဲ့ ငါတွေးမိတယ် ဒီဘုရင်မိန်းမတွေများ မကြိုက်ဘူးလား ပေါ့
ဒါလည်း ငါအလုပ်မဟုတ်ပါဘူးလေ...တစ်နေ့ငါအိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာ ဟိုလူကြီး ရပ်နေတာတွေ့တယ် ငါလည်းအံ့သြသွားတယ် ဟုတ်တယ်လေ ရုတ်တရက်ကြီးဆိုတော့ သူကငါ့အနားကိုလျှောက်လာတယ် ပြီးတော့ပြုံးပြီးပြောတယ် ကိုယ်မင်းကိုလက်ဆောင်တစ်ခုပေးမယ်ပြောတာ
အခုလာပေးတာတဲ့ ဒါပေမယ့် လက်ဆောင်ကသယ်မရတော့ မင်းလိုက်ယူရမယ်တဲ့
မလိုက်ခင်အရင် အဝတ်လဲလိုက်ပါဦးတဲ့ငါတွေးလိုက်တယ် လက်ဆောင်ပေးတဲ့နဲ့ အဝတ်လဲတာဘာဆိုင်လဲပေါ့ ငါတွေးနေတုန်းရှိသေးတယ် ဘယ်နားကရောက်လာမှန်းမသိတဲ့
ကောင်မလေး တွေငါ့ကို အိမ်ထဲဆွဲခေါ်ပြီး ရေချိုး အဝတ်လဲခြင်းလုပ်ပါတော့တယ်
ငါ့ကို အဖြူရောင် ဝတ်စုံလေးဝတ်ပေးပြီး
ဆံပင်ကို ရိုးရိုးရှင်းရှင်းထုံးဖွဲ့ပေးတယ်..
YOU ARE READING
Dream.... ( Z + U ) ( Complete )
Short Storyလူ့ဘဝဆိုတာ အနိမ့်အမြင့်အတတ်အကျရှိကြတာပဲ အဲ့လိုပဲပေါ့ ငါ့ဘဝကြီးကလည်း ငရဲတစ်ခါ နတ်ပြည့်တစ်လှည့်ပါပဲလေ.....နင်တို့တွေးနေကြမှာပဲ ဘာလို့ အဲလိုပြောရတာလဲပေါ့....ငါရှင်းပြရမှာပေါ့လေ...တစ်နေ့ပေါ့ ငါ့လုပ်ရိုးလုပ်စဉ်အတိုင်း ခေါက်ဆွ...