Zawgyi
ငါပုံမှန်အတိုင်း ဆိုင်မှာ စားပွဲထိုးခြင်းအလုပ်ပြီးတော့ ဆိုင်ရှင်ကြီးက ငါ့ကိုထုံးစံအတိုင်း ခေါက်ဆွဲကျွေးတယ် ငါလည်းစားဖို့ပြင်ရင်မှ အိမ်က မရူးမကောင်းလေး ကိုသတိရသွားတယ်အဲ့တာနဲ့ပဲ ဆိုင်မှာမစားတော့ အိမ်သယ်သွားရတော့တယ်.. ...အိမ်ပြန်ရင်း လမ်းမှာ ငါတွေးမိတာက ဒီညတော့ ပန်းကန်ဆေးရတော့မှာပဲလို့ ဟုတ်တယ်လေ ဆိုင်မှာစားရင်မဆေးဘူး အကုန်လုံး ကတာဝန်ခွဲပြီးသားလေ ငါကခုံသုတ် စားပွဲထိုးရုံပဲ ချက်တဲ့သူကချက် ဆေးတဲ့သူကဆေးလေ...ငါ့အိမ်မှာကျ ငါမှမဆေးရင်ဘယ်သူဆေးမလဲ..အဲ နေပါဦး ဟိုအရူးလေးကို ဆေးခိုင်းမှာပေါ့ ဒါပေါ့သူကငါ့အိမ်မှာ ကပ်နေတာလေ ဒါတော့လုပ်ရမှာပေါ့...အမယ် ငါလေးသိပ်တော်ပါလား..ဟဟ
ငါအိမ်ရှေ့ရောက်လို့ အိမ်ထဲလှမ်းကြည့်တော့ ဟိုလူကြီး စားပွဲခုံ မှာအိပ်ပျော်နေပါလား...
ငါအိမ်ထဲ သေချာပြန်ကြည့်တော့ အားရိုးးး သန့်ရှင်းနေတာပဲ သူအတော်ကြိုးစားရှင်းထားပဲ
အင်းလေ ငါ့အိပ်က မရှင်းတာနှစ်ပေါက်နေပြီလေ ငါလည်း အိပ်တဲ့အချိန်ပဲ အိမ်မှာနေတာ ကျန်တဲ့အချိန်က ခေါက်ဆွဲဆိုင်မှာ ချည်းပဲ ငါ့အိပ်ရာလေးရယ် ရေချိုးတဲ့နေရာလေးရယ်ပဲ သန့်တာ ကျန်တာဖုန်ချည်းပဲ ငါအဲ့လိုတွေးတုန်းရှိသေးတယ်...အသံကြားလို့ ကြည့်လိုက်တော့ ဟိုလူကြီးဆီကပဲ ငါသေချာကြားရအောင် အနားကပ်လိုက်တော့ သူပြောတာ ဆရာ တပည့်မလိမ္မာဘူးတဲ့ ငါအဲ့တစ်ခုပဲနားလည်တယ်......ကျန်တာငါနားမလည်ဘူး...
ငါတုံးလို့မဟုတ်ဘူးနော် သူကနားလည်အောင်မပြောတတ်တာ.ဒါနဲ့ ငါဆက်နားထောင်တုန်းသူနိုးသွားတယ်
အဲ့အချိန် သူငါ့ကိုကြည့်တဲ့ အကြည့်က စူးရှပြီး အဓိပ္ပါယ် တစ်မျိုးပါတဲ့အကြည့်မျိုး ဒါပေမယ့် ခဏပါပဲ ကြောင်တောင်တောင် လေးပြန်ဖြစ်သွားတယ် ငါများအကြည့်မှားတာလားပေါ့..
ငါလည်းဗိုက်ဆာတာနဲ့ ဆက်မတွေးပဲ ခေါက်ဆွဲထုတ်ပေးလိုက်တယ် နင်နဲ့ငါနဲ့ စားဖို့ထည့်လာခဲ့လို့ ပြောတော့ သူ့လိမ်လိမ်မာမာနဲ့ပဲ ယူသွားတယ်.....
![](https://img.wattpad.com/cover/220984409-288-k6480.jpg)
YOU ARE READING
Dream.... ( Z + U ) ( Complete )
Short Storyလူ့ဘဝဆိုတာ အနိမ့်အမြင့်အတတ်အကျရှိကြတာပဲ အဲ့လိုပဲပေါ့ ငါ့ဘဝကြီးကလည်း ငရဲတစ်ခါ နတ်ပြည့်တစ်လှည့်ပါပဲလေ.....နင်တို့တွေးနေကြမှာပဲ ဘာလို့ အဲလိုပြောရတာလဲပေါ့....ငါရှင်းပြရမှာပေါ့လေ...တစ်နေ့ပေါ့ ငါ့လုပ်ရိုးလုပ်စဉ်အတိုင်း ခေါက်ဆွ...