Zawgyi
သူဆုံးသွားတဲ့အချိန်ကစပြီး ငါလည်းမိဘမဲ့တစ်ယောက်လိုနေရင် ခေါက်ဆွဲဆိုင်ကဦးလေးကြီးနဲ့တွေ့တာပဲ....
ဇာတ်လမ်းက အဲ့မှာမပြီးသေးဘူး..
ငါ့အဖေ နယ်နှင်ဒဏ်ပေးခံရတဲ့အချိန်တုန်းက
အိမ်ရှေ့မင်းသားက ခြောက်နှစ်သားလောက်ရှိပြီးတော့ ငါ့အဖေဆီမှာ စစ်ပညာသင်နေတဲ့အချိန် ငါ့အဖေအစွပ်စွဲခံရတော့ သူဘာမှမလုပ်ပေးနိုင်ခဲ့ဘူး..ငယ်သေးတာကိုအဲ့တာနဲ့ သူအရွယ်ရောက်တဲ့အထိစောင့်နေခဲ့တယ် ငါ့အဖေအတွက်တရားမျှတမှုရှာဖို့ပေါ့.....တစ်နေ့ သဲလွန်စ တစ်ခုရလို့ လိုက်စုံစမ်းရင်းနဲ့ ခေါက်ဆွဲဆိုင်ကိုရောက်လာပြီး ငါနဲ့ဆုံတယ်....
ငါ့ကိုစတွေ့ တွေ့ ချင်းတုန်းက သူအံ့သြသွားခဲ့တယ်....ဘာလို့ဆို ငါကငါ့အမေနဲ့ အတော်တူနေလို့ပဲ......
သူကသေချာအောင်လို့ နေ့တိုင်းဆိုင်ကိုလာပြီး အကဲခတ်ခဲ့တယ်....
တစ်နေ့ ငါ့အဖေအမှုလိုက်စုံစမ်းတာကို အတွင်းဝန်အမတ်ကြီးသိသွားပြီး သူ့ကိုအနှောက်အယှက်ပေးခဲ့တယ်..အဲ့မှာ သူဒဏ်ရာရပြီး ငါ့အိမ်ကိုရောက်လာခဲ့တယ်.....ငါလည်းအဲ့ညက သူ့ကိုရေပတ်တိုက်ပေးရင်း အိပ်ပျော်သွားတော့ ရေစိုမှာစိုးလို့ ငါ့အင်္ကျီကို တံတောင်ထိခေါက်တင်ထားမိတယ်
အဲ့မှာ သူ့သံသယတွေကို ဖြေရှင်းလိုက်နိုင်တာပဲ....ဘာလို့ဆို ငါ့လက်မှာ ချယ်ရီပန်းသုံးပွင့် အမှတ်လေးရှိလို့လေ သူငါ့အဖေဆီမှာ ပညာသင်တုန်းကငါလသားအရွယ်လေးလေ အဲ့တော့ သူငါ့အမှတ်ကိုသိနေတာပေါ့.......
ဒါနဲ့သူက ငါ့အိမ်မှာဆက်နေပြီး ငါ့အဖေအမှုကို စုံစမ်းခဲ့တယ်....တစ်ရက် အဖြစ်မှန်အတွက်သက်သေတွေစုံလို့ြ
ငါ့ကိုဖွင့်ပြောဖို့လုပ်နေချိန်မှာ သူ့အဖေကံကုန်သွားခဲ့တယ် သူ့ကိုလည်း သေပြီထင်ပြီး
နန်းလုပွဲတွေဖြစ်ကုန်တာပေါ့....
ဒါနဲ့ပဲ ငါ့ကိုစာရေးပြီးထားခဲ့တယ်ပေါ့လေ.
KAMU SEDANG MEMBACA
Dream.... ( Z + U ) ( Complete )
Cerita Pendekလူ့ဘဝဆိုတာ အနိမ့်အမြင့်အတတ်အကျရှိကြတာပဲ အဲ့လိုပဲပေါ့ ငါ့ဘဝကြီးကလည်း ငရဲတစ်ခါ နတ်ပြည့်တစ်လှည့်ပါပဲလေ.....နင်တို့တွေးနေကြမှာပဲ ဘာလို့ အဲလိုပြောရတာလဲပေါ့....ငါရှင်းပြရမှာပေါ့လေ...တစ်နေ့ပေါ့ ငါ့လုပ်ရိုးလုပ်စဉ်အတိုင်း ခေါက်ဆွ...