part- 1

3.7K 170 2
                                    

Zawgyi

လူ့ဘဝဆိုတာ အနိမ့်​အမြင့်​အတတ်​အကျရှိကြတာပဲ အဲ့လိုပဲ ငါ့ဘဝကြီးကလည်း ငရဲတစ်​ခါ နတ်​ပြည်​တစ်​လှည့်​ပါပဲ​လေ
နင်​တို့​တွေး​နေကြမှာပဲ ဘာလို့အဲ့လို​ပြောရတာလဲ​ပေါ့....ငါရှင်းပြရမှာ​ပေါ့​လေ

တစ်​​နေ့​ပေါ့ ငါ့လုပ်​ရိုလုပ်​စဉ်​အတိုင်း ​ခေါက်​ဆွဲဆိုင်​မှာ စားပွဲထိုးလုပ်​တယ်​​ပေါ့ ပုံမှန်​အတိုင်းပါပဲ အဲ..လူတစ်​​ယောက်​​ရောက်​မလာခင်​အထိ​ပေါ့..ငါတို့ဆိုင်​က​ခေါက်​ဆွဲက ​ဈေးထဲမှာနာမည်​ကြီးရယ်​ ဘာလို့ဆို ​ငါရဲ့​ဖော်​​ရွေမှု ဧည့်​ဝတ်​​ကျေမှု​တွေ​ကြောင့်​​ပေါ့...​ခေါက်​ဆွဲလည်းစား​ကောင်းပါတယ်

ကဲ ထားပါ အဓိကအ​ကြောင်း​လေးဆက်​​ပြောကြတာ​ပေါ့..အဲ့လူဆိုင်​ထဲလာ​တော့ ငါလည်းထုံးစံအတိုင်း ဘာစားမလဲ​ပေါ့
သူလည်း ပုံမှန်​အတိုင်း စားချင်​တာမှာပြီး အခါးရည်​​သောက်​​နေတယ်​.
ဒါ​ပေမယ့်​ အဲ့လူကထူးဆန်းတယ်​ ဘာလို့လဲမ​မေးနဲ့ နင်​တို့ပဲစဉ်းစားကြည့်​​လေ ဆိုင်​ထဲဝင်​လာထဲ ထိုင်​တဲ့​နေရာက ဆိုင်​ထဲကကြည့်​ရင်​လမ်းကို မြင်​ရပြီး လမ်းကကြည့်​ရင်​ဆိုင်​ထဲမမြင်​ရတဲ့​နေရာ​လေ...
ပြီး​တော့ ဝါးခါး​မောက်​ကို မျက်​နှာအ​ပေါ်တစ်​ခြမ်းအုပ်​ထားပြီး ဝတ်​ထားတာကလည်း မှိုင်းတိုင်းတိုင်းရယ်​....

ပြီး​တော့သူပုံက တစ်​ခုခုကို ခိုး​ကြောင်​ခိုးဝှက်​ လုပ်​​နေသလိုရယ်​..ဘယ်​လိုသိလည်းမ​မေးနဲ့
အာရုံရတာ အာရုံဘယ်​လိုရလည်းမ​မေးနဲ့ ငါလည်းမသိဘူး.. ...
ငါကရုပ်​​ချောလို့လည်း ဖြစ်​ချင်​ဖြစ်​မှာ​ပေါ့.. .
ဒါနဲ့ငါ​ခေါက်​ဆွဲချ​ပေး​တော့ သူကပိုက်​ဆံထုတ်​ရင်း ​မေးတယ်​ ဆိုင်​ဘယ်​အချိန်​ပိတ်​မှာလဲတဲ့
ငါအံ့သြသွားတယ်​ ဘာလိုဆိုအဲ့လို​မေးတာ သူများဆိုပုံမှန်​​မေးတယ်​ထင်​​ပေမယ့်​ သူ့ကျ​တော့တစ်​မျိုးကြီးရယ်​...

ငါ့စိတ်​ထဲ နင်​ငါတို့ဆိုင်​ဓားပြတိုက်​မလို့လားလို့
မေးချင်​​ပေမယ့်​ မ​မေးပါဘူး ဘာလို့ဆို ငါကငတုံး​လေးဆို​ပေမယ့်​ အရိပ်​အကဲသိပါတယ်​ ဒါနဲ့ငါလည်းဆိုင်​ပိတ်​မယ့်​အချိန်​​ပြောပြီး ငါ့အလုပ်​ဆက်​လုပ်​တယ်​ သူလည်းဆက်​ထိုင်​​နေတယ်​ ဆိုင်​ပိတ်​တဲ့အထိ​ပေါ့....​နေ့တိုင်းအဲ့လိုလာထိုင်​​နေတာ ငါလည်းကြာ​တော့မထူးဆန်း​တော့ပါဘူး​လေ...

Dream.... ( Z + U )  ( Complete )Donde viven las historias. Descúbrelo ahora