Part- 5

1K 120 0
                                    

Zawgyi

ဒါနဲ့ ငါတို့ခြံအပြင်​​ရောက်​​တော့ ​ဝေါယာဉ်​တစ်​ခု​စောင့်​​နေတယ်​ ငါ​သေချာကြည့်​​တော့ ဝိုးး....လှလိုက်​တာ အ​တော်​​ဈေးကြီးမယ့်​ပုံပဲ
ငါ​ငေးလို့​ကောင်း​နေတုန်း သူအနားကို​ရောက်​လာပြီး ​ငါ့ကိုချီပြီး တင်​​ပေးတယ်​ ပြီး​တော့ သူလည်းတတ်​လာပြီး ​​ဝေါယာဉ်​ထဲ​သေချာထိုင်​ပြီး​တော့ တစ်​​နေရာကို ဦးတည်​သွား​နေတယ်
ဒါနဲ့ ငါလည်းပြတင်း​ပေါက်​​လေးအသာဖွင့်​ပြီး
ကြည့်​လိုက်​တယ်
ငါတို့မြို့ပြင်​ကိုသွား​နေတာပဲ..
မြို့ပြင်​မှာ ​တောင်​တန်း​တွေရှိတယ်​ အဲ့​တောင်​တန်း​တွေကဘုရင်​ပိုင်​တာ​လေ ​တောင်​တန်း​တွေရဲ့အလွန်​မှာ ​အရမ်းနက်​တဲ့​တောအုပ်​ကြီးရှိတယ်​ နယ်​စပ်​စည်းမျဉ်း​ပေါ့.....

အဲ့ဘက်​နိုင်​ငံနဲ့ကုန်​သွယ်​ချင်​ရင်​ ​တောထဲကဖြတ်​မလာဘူး ပင်လယ်​​ဘက်​ကကူးရတယ်​ ဘာလို့ဆို အဲ့​တောက အရမ်းအန္တရာယ်​များလို့ပဲ​လေ ရွံ့နွံ​တော​တွေ ပဒူကျင်း​တွေ​ပေါတယ်​​လေ ဒါ​ကြောင့်​ပါ...

ကဲ ​​ပြောရင်းနဲ့ပဲ ငါတို့​တောင်​တန်း​တွေရှိတဲ့​နေရာကို ​ရောက်​တယ်​ ပြီး​တော့ အဲ့​တောင်​တန်း​တွေထဲကမှ အ​တော်​မြင့်​ပြီး ထူးထူးဆန်းဆန်း သစ်​ပင်​ အပင်​ ၅၀ နီးပါ​လောက်​ စုပြီး​ပေါက်​​နေတဲ့​နေရာကိုသွားရတယ်​........
ငါသိတယ်​ ဒီ​နေရာက တားမြစ်​​နေရာပဲ..
အန္တရာယ်​ရှိလို့​​တော့​ပြောတာပဲ.ငါလည်းမ​ရောက်​ဖူး​တော့မသိပါဘူး...ဆိုင်​မှာကြားဖူးတာပါ...​ခေါက်​ဆွဲဆိုင်​ဆို​တော့ လူစုံသား​လေ......

ဒါနဲ့​ ​နေပါဦး ဘာလို့တားမြစ်​​နေရာကို ငါ့​ခေါ်လာရတာလဲ.....ငါအဲ့လို​တွေးတုန်းရှိ​သေးတယ်​ ​ဝေါယာဉ်​ရပ်​သွားပြီး သူကအပြင်​အရင်​ထွက်​ပြီး ငါ့ကို​အောင်​ချ​ပေးဖို့​စောင့်​​နေတယ်​...ငါလည်းအ​တွေး​တွေဖြတ်​ပြီး ​အောက်​ဆင်းလိုက်​တယ်​...
ဟိုဟိုဒီဒီလိုက်​ကြည့်​လိုက်​​တော့ အပင်​​တွေကြားမှာ တဲအိမ်​​လေးတစ်​လုံးပါလား.
တဲအိမ်​လို့သာ​ပြောတာ လူငါး​ယောက်​​လေးက်​ ​အေး​ဆေး​နေလို့ရတယ်​....
သူကငါ့လက်​ကိုဆွဲပြီး တဲအိမ်​ဘက်​ကို​လျှောက်​သွားတယ်​ အနား​ရောက်​​တော့ တံခါး​ခေါက်​လိုက်​​တော့ အသက်​ ၆၀ ​လောက်​ရှိမယ့်​ အဘိုးကြီးတစ်​​ယောက်​ထွက်​လာတယ်​..
ဟိုလူကြီးကို ကြည့်​ပြီး မျက်​နှာကအံ့သြတဲ့ အရိပ်​အ​ယောင်​​တွေဖြစ်​သွားပြီး သူ​ပြောလိုက်​တယ်​......ငါသူ့မျက်​နှာကအံ့သြတဲ့မျက်​နှာဖြစ်​သွား​လို့ ဘယ်​လိုမှမ​နေ​ပေမယ့်​ သူ​ပြောလိုက်​တဲ့စကား​ကြောင့်​ ငါ ကြက်​​သေ​သေ သွားတယ်
ပြောလိုက်​တာက. အရှင်​မင်းကြီး ကျန်းမာပါ​စေတဲ့........ဒါနဲ့ သူက အသစ်​တတ်​တယ်​ဆိုတဲ့ဘုရင်​လား  ဒါဆိုဟိုအဘိုးကြီးက​ရော
ငါ​ကြောင်​​တောင်​​တောင်​ဖြစ်​​နေတုန်း...
သူ​ပြောလိုက်​တာထပ်​ကြားလိုက်​​တော့
ငါ့ကမ္ဘုကြီး ​ပြောင်းပြန်​ဖြစ်​သွားသလို ခံစားရတယ်​.....သူက ရဲ့စစ်​သူကြီးရဲ့ သမီး
ရဲ့သခင်​မ​လေးပါလာတယ်​ ဆိုပြီး ငါ့လက်​ကို​မြှောက်​ပြလိုက်​တယ်​... အဘိုးကြီးက ငါ့လက်​ကို​သေချာကြည့်​တယ်​ ပြီး​တော့ သမီးဆိုပြီး ငါ့ကိုဖတ်​ငို​တော့တာပဲ အဲ့အသံကိုကြားပြီး အိမ်​ထဲက ထွက်​လာတဲ့သူ​တွေကလည်း သခင်​မ​လေးဆိုပြီး ဒူး​ထောက်​ပြီးငိုကြတယ်​...
အဲ့အချိန်​မှာ အိမ်​ထဲက​နေ ​ဟောင်းနွမ်းတဲ့အဝတ်​​တွေနဲ့​ပေမယ့်​လည်း ​ကြည့်​​ကောင်းတဲ့ အသက်​ ၅၀ အရွယ်​အဘွားကြီးတစ်​​ယောက်​ထွက်​လာတယ်​  ပြီး​တော့ ငါ့ကို မယုံကြည်​နိုင်​စရာမျက်​လုံး​တွေနဲ့ သမီးလား အ​မေ့သမီး​လေးလားဆိုပြီး အနား​ရောက်​လာပြီး ဖတ်​ပြီး ငို​တော့တာပဲ.......

Dream.... ( Z + U )  ( Complete )Where stories live. Discover now