အပိုင်း ၇ + Special Part 16+

6.9K 291 0
                                    

*Phone ring..

"ဟျောင့် Sarawat မင်းအတန်းမတက်ဘူးလား"

"ငါအခု ပုခတ်သွားနေတယ် ဘာအရေးကိစ္စရှိလို့လဲ"

"ဘာမှတော့ မရှိပါဘူး မင်းမိန်းမ Tineနဲ့လား"
ဒီအကောင်နဲ့တော့ ခက်ပြီ ဟိုကကြားရင် ကျွန်တော်ကဆဲခံရအုံးမယ်။

"အေး ဒါပဲ ကားမောင်းနေတယ်"

"ခဏ Tine ကို ဖုန်းပေးပေးပါလား"

"Tine အိပ်နေတယ် နောက်မှပြန်ဆက်!"
ရုတ်တရက် ကျွန်တော့်ဖုန်းကိုလုလိုက်တယ်။

"ပြော Man ဘာလဲ"

"မင်း အတန်းမတက်တော့ဘူးလား အတန်းပျက်တာ များနေပြီနော် မနက်ဖန်ရော"

"မင်းအဖေ မနက်ဖန် စနေနေ့လေ"

အာာ ဟုတ်သားပဲ ဒီနေ့ သောကြာနေ့ Tine ကျွန်တော့်ကို Dew စီသွားဖို့ ခေါ်ထားတာပဲ ဒါပေမဲ့ သူ Dew ကိုဘာလို့ ရှောင်နေတာလဲ ကျွန်တော် စဥ်းစားလို့မရဘူး။

"ထားတော့ ငါတို့ကို ဘာလို့မခေါ်တာလဲ "

"လာချင်လာခဲ့ ငါတို့ တနင်္ဂနွေညမှ ပြန်မှာ"

"Oh!Hoooo ဟန်းနီးမွန်းနေတာကို မဖျက်ရက်ပါဘူး "

"မင်းအဖေ ဘိုးအေကြီးကို ဟန်းနီးမွန်းလိုက် ခွေးကောင်!"

"စတာကို မင်းကလည်း "

"Man မင်းတို့လိုက်ခဲ့ ပုခတ်က ငါ့အမ မင်္ဂလါဆောင်ရှိလို့ ပြီးတော့ မင်းငါ့အစ်ကိုကို တွေ့လို့ရတဲ့ တစ်ဦးတည်းသော အခွင့်အရေးပဲ"

အော် Tine အမ မင်္ဂလါဆောင်ကို ဟမ် ခဏလေး Tine မှာ အမမှ မရှိတာ။

"ဟုတ်လား လာခဲ့မယ် ယောက်ဖ ဆရာအတန်းထဲ၀င်လို့ဒါပဲနော် ယောက်ဖ အာဘွား မွမွ"

"မင်းအဖေကြီးကို အာဘွား"

ဖုန်းချပြီး မကြာဘူး ကျွန်တော့်ဖုန်းကို ဟိုနှိပ်ဒီနှိပ်လုပ်နေသေးတယ် ပြန်ပေးဖို့ အစီအစဥ်မရှိဘူးလား မသိဘူး ဒီကောင်!

"Tine ငါသိသလောက်မင်းမှာ အမမှမရှိတာ"

"P'Type ရဲ့အမ ဒါမဲ့ ငါ့အမလိုပဲ"

(Type က Mann ရဲ့အနာဂါတ်မိန်းမိန်း 👀 တရားစခန်းတွေ ဘာတွေကျော်ပြီး အိပ်ယာပေါ်သို့ချီတက်မယ်)

Be My BoyfriendWhere stories live. Discover now