ညနေလည်း စောင်းရောပေါ့ Tine ရဲ့အလုပ်ရုံ ရှေ့မှာစောင့်နေလိုက်တယ်။ ရုံးမဆင်းသေးဘူး ထင်တယ် ထွက်လာတာလဲ မတွေ့ဘူး။
"Wat"
နောက်ဆုံးတော့ ကျွန်တော့်ရဲ့ကောင်လေး ထွက်လာပါပြီ မျက်နှာကတော့ ခပ်တည်တည်နဲ့ သူလည်းကျွန်တော့်လို မျှော်နေမယ်ထင်ပါတယ်။
"အင်း ဗိုက်ဆာနေပီလား တစ်ခုခုသွားစားမလား"
"အင်း"
ဒါနဲ့ကျွန်တော်တို့ညနေစာကို ဆိုင်တစ်ဆိုင် ၀င်ပီး စားလိုက်ကြတယ်။
ညခင်းလေးကို လမ်းလျောက်ပြီးပြန်ဖို့ စဥ်းစားလိုက်ပြီး ကားကို အနီးစပ်ဆုံးနေရာမှာ သွားရပ်လိုက်ပြီး နှစ်ယောက်သား တူတူအိမ်ပြန်လမ်းလေးကို လျောက်လာတယ် လက်တွေလဲကိုင်ထားလျက်ပေါ့။
"Tine ငါတို့ဘယ်တော့မှမခွဲတော့ဘူးနော်"
"မင်း အပေါ်ပဲမူတည်တယ်"
"အင်းပါ မင်းစိတ်ဆင်းရဲအောင် ဘာမှမလုပ်တော့ဘူး ချစ်တယ်နော်" ကိုင်ထားတဲ့လက်ကို ဖွဖွလေးနမ်းလိုက်တယ်။
ဒီလိုနဲ့ကျွန်တော်တို့ အိမ်ပြန်လမ်းက အရမ်းကြည်နူးဖို့ကောင်းပါတယ်။အိမ်ရောက်တော့ Tine ကရေချိုး မျက်နှာသစ်ပြီး အလုပ်လုပ်နေတယ်။ အခုမှသေချာကြည့်တော့ ကျွန်တော်တို့ အရွယ်နောက်ကြပြီပဲ။ အရင်လို ၀မ်းနည်းတက်တဲ့ကောင်လေးကလည်း အခုလက်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကောင်လေးဖြစ်နေပြီ။
ကျွန်တော်ခေါင်းလျော်ထားတဲ့ ရေကိုသုတ်ရင်း Tv ဖွင့်လိုက်တယ်။
"Wat ခေါင်းကိုပြောင်အောင်သုတ်နော်"
"မင်း သုတ်ပေးမလား?"
မျက်နှာက တင်းနေပြီ စောင့်စောင့်နဲ့ ကျွန်တော့်နား တိုးလာတယ်။ ပြီးတော့ သပတ်ယူပြီး ခေါင်းကိုခြောက်အောင်သုတ်ပေးနေတယ်။ ကျွန်တော်အိမ်မက်မက်နေတယ်လို့တောင် အခုထိ ထင်နေတုန်းပဲ။
"Wat မင်းဘာလို့ ငိုနေတာလဲ" အလန့်တကြားနဲ့ ကျွန်တော့်ကိုမေးတယ်။
"ငါအရမ်းပျော်လို့ ပျော်လို့ မျက်ရည်ကျတာ" ချက်ချင်းပြုံးပြီး ကျွန်တော့်နှာဖူးကို နမ်းလိုက်တယ်။
![](https://img.wattpad.com/cover/217540284-288-k772411.jpg)
YOU ARE READING
Be My Boyfriend
عاطفية2gether (Sarawattine) ကိုအခြေခံ ရေးထားပါတယ် 💗+ But လုံး၀ကြီးတူနေတာမျိုး မဟုတ်ဘဲ ဇာတ်အိမ်ကို ကွဲထွက်နေအောင် ရေးပေးထားပါတယ်။