အပိုင်း ၁၀

6.1K 284 1
                                    

Unicode:

အိပ်ယာနိုးတော့ နာရီကြည့်တာ မနက် ၁၀နာရီခွဲနေပြီ ဘေးမှာလဲ Tine တစ်ယောက် သိုးနေအောင် အိပ်နေတုန်းပဲ။ ကုတင်ပေါ်မှာလည်း ညစ်ပတ်နေတာပဲ။ ချက်ချင်းထပြီး ရေချိုးလိုက်တယ် ပြီးတော့ အခန်းကိုလည်း နည်းနည်းရှင်းလိုက်တယ်။ Tine ကတော့ အခုထိမထသေးဘူး။ သူနာကျင်နေလို့ မထနိုင်သေးတာလား မသိဘူး။

အိတ်ထဲမှာ ဆောင်ထားလေ့ရှိတဲ့ အကိုက်အခဲပျောက်ဆေးကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ပြီးတော့ မနက်စာကိုလည်း လှမ်းမှာလိုက်တယ်။ နိုးကတည်းက Tine ကို တစ်ချက်မှ မထိရသေးပါဘူး။ အခုမှဘာလို့ မထိရက် မကိုက်ရက်ဖြစ်နေလဲ မသိပေမဲ့ သူနိုးလာမဲ့အချိန်ကို ဘယ်လိုရင်ဆိုင်ရမလဲ မသိသေးဘူး။

"အာ့!"

"Tine နိုးပြီလား နာနေလား လာငါကူသယ်ပေးမယ်"

"ရတယ် ရေပေး အာခေါင်တွေခြောက်လို့"

ကျွန်တော်ရေခွက်ကို အမြန်ကမ်းပေးလိုက်ပြီး tine ကို ကြည့်နေလိုက်တယ်။

"မင်း သက်သာလား"

"မင်းခံကြည့်လေ"
အော် ကျွန်တော့်ရဲ့ စွာတူးလန် Tine ကတော့ အကျင့်မပျောက်သေးပါဘူး။ ဒီလိုပြန်ပြောနိုင်တယ်ဆိုရင်တော့ အရမ်းမဆိုးရိမ်ရပါဘူး။

"အင်းပါ မင်းရေချိုးမလား"

"ငါ အရမ်းနာနေတယ် ထလို့တောင်မရဘူး"

"ဒါဆို ငါသယ်သွားမယ်"

ကျွန်တော် Tine ကို ပွေ့ချီလိုက်တယ်။ Tine ခန္တာကိုယ်က ထင်သလောက်မလေးပါဘူး။ (thai အာနိုးကမလေးဘူးတဲ့ 🙂) ရေချိုးခန်းထဲရောက်တော့ ရေချိုးကန်ထဲအရင်ထည်ပေးလိုက်တယ် သူကတော့တစ်ချက်တစ်ချက် ကော့တက်သွား မတက်နာနေတဲ့ပုံပဲ။

"Tine ရေနွေးနွေးလေးစပ်ပေးမယ်"

"အင်း"

မျက်နှာလေးက ဇီးရွက်လောက်လေးနဲ့ ချစ်စရာကောင်းအောင်လုပ်နေတယ် စိတ်ရှိတိုင်းဆို နမ်းပြစ်လိုက်ပြီ။

ရေနွေးနွေးလေးစပ်ပေးပြီး ကျွန်တော်ကိုယ်တိုင် ဆပ်ပြာတိုက် ရေချိုးပေးလိုက်တယ်။ Tine ကတော့ ခလေးလိုပဲ ဆပ်ပြာတွေဘူးဖောင်းတောင် လုပ်ဆော့နေသေးတယ်။

Be My BoyfriendWhere stories live. Discover now