အပိုင်း ၂၂

3.9K 232 9
                                    

တကယ်မရည်ရွယ်ဘူး။ ep12 ကလည်း သာသာ အပိုင်း ၂၁ ရေးသလို tine လေးအဲ့လိုငိုရလိမ့်မယ်လို့ တကယ်မမျှော်လင့်ထားဘူး။ 😭😭တကယ် အရမ်းငိုမိပါတယ်။

U+

ကျွန်တော်ရင်ဘက်တွေကို ထုရင်းလမ်းလျောက်လာတယ် ခြေထောက်တွေလဲ ရပ်လို့မရတော့ဘူး ကျွန်တော့်နှလုံးသားတစ်ခုလုံး ပူလောင်နေတယ်။ အခုချိန်ကားတစ်စီးလာရင်တော့ ပြေး၀င်ပီး အတိုက်ခံသေ ပြစ်လိုက်ချင်တယ်။
ကျွန်တော်ရွေးချယ်မှုက မှားလားမှန်လား ကျွန်တော် မသိပေမဲ့ အခုအရမ်းနာကျင်နေရတာက ကျွန်တော်ဖြစ်နေတယ်။

ရင်ဘက်ကို ဆက်တိုက်ထုလျက်ငိုကြွေးနေတဲ့ ကျွန်တော်က အခုချိန်မှာ သနားဖို့ အကောင်းဆုံး သူဖြစ်နေမလား?

ရုတ်တရက် မူး​ဝေလာတယ် မျက်လုံးထဲက မျက်ရည်တွေကပဲ မျက်အိမ်မှာပြည့်သွားလို့ အရှေ့ကို မမြင်ရတော့တာလား? ဒါမှမဟုတ် ..

လဲကျသွားပါတယ် ကျွန်တော်ဒူးတွေ မတ်တပ်ရက်ဖို့တောင် အင်အားမရှိတော့ပါဘူး။ ကျွန်တော် အမြဲတမ်း ဗီလိန်ဖြစ်ခဲ့ရင်ဖြစ်ခဲ့ပေမဲ့ ဒီကစားပွဲမှာတော့ ကျွန်တော်က အရှုံး ဇာတ်ရံတစ်ယောက်သာဖြစ်ခဲ့ပါတယ်။

မျက်စိတွေ ပြန်မဖွင့်ချင်တော့ဘူး အိပ်ဆပ်သွားစေချင်တယ်။ ဒီထပ်ပိုပြီး ဘာမှမရင်ဆိုင်ချင်တော့ဘူး။

"Tine နိုးလာပီလား"

"ငါဘယ်ရောက်နေတာလဲ"

"ဆေးရုံမှာလေ မင်းမူးလဲသွားလို့ မင်းဒီရက်ပိုင်း အရမ်းပင်ပန်းနေလို့"

"အော် အင်း.."

တိတ်ဆိတ်စွာ ရှိနေတဲ့ အခန်းငယ်လေးထဲမှာ ကျွန်တော်လှဲလျောင်းရင်း တွေးမိတာကတော့ ကျွန်တော်တို့ ဇာတ်လမ်းလေးက အဆုံးသတ်သွားတယ်ဆိုတာပါပဲ။
______________
"Ohm,pang သူအဆင်ပြေရဲ့လား?"

"အင်းပြေတယ် အရမ်းမဆိုးရိပ်ပါနဲ့ "

"ငါ သူ့ကိုတွေ့လို့ရမလား?"

"Sarawat ငါတို့ မင်းကို ဒီလိုပြောရတာတော့ စိတ်ထဲမကောင်းပါဘူး အခုချိန်မှာ Tine တစ်ယောက်ထဲနေသင့်တယ်ထင်တယ်"

Be My BoyfriendWhere stories live. Discover now