U+
ကျွန်တော်တို့ မနက်စောစောထပြီး ပြန်ကြတယ် ကျွန်တော်ရော Man ရောက ကားပါပေမဲ့ Tine ကတော့ ကျွန်တော်နဲ့ မလိုက်ဘူး ဟိုကားမှာပဲ လိုက်သွားတယ်။ ကျွန်တော်နဲ့လိုက်ခဲ့တာဆိုလို့ Boon တစ်ယောက်ထဲ။
ညကလည်း မအိပ်ရသေးတော့ တစ်ယောက်တစ်လှည့်ကားမောင်းပြီးပြန်ကြတယ် အတန်းမှီဖို့ ကလည်းလိုတော့ မြန်မြန်သာမောင်းကြတယ်။ဒါပေမဲ့ ကျွန်တော်ကတော့ မနက်ခင်း အတန်းကို မတက်ခဲ့ပါ။
"ဟျောင့် Sarawat မင်းအတန်းမတက်ဘူးလား"
"Tine ဘယ်လိုဖြစ်လို့ရောက်လာတာလဲ"
"အင်း ငါလည်းအတန်းမတက်ချင်လို့ မင်းအခန်းမှာလာအိပ်တာ"
"အင်း ဒါဆိုငါလည်း မသွားတော့ဘူး တစ်ခုခုစားမလား?"
"တော်ပီ ငါအိပ်ပဲအိပ်ချင်တာ မင်းဘေးဖယ်လိုက်တော့ " သူကတော့ ကျွန်တော့်ကုတင်ကို အခုထဲက မောင်ပိုင်စီးနေတော့တာပဲ။
ခဏနေတော့ ၀က်လေးလိုပဲ သိုးနေအောင်အိပ်သွားတယ်။
ညနေ ၆ခွဲနေပြီ Tine က အိပ်နေတုန်းပဲ အဲ့ထပ် ဆက်အိပ်ရင် သူဖျားတော့မယ်လေ။ ညနေစောင်း အိပ်တာကဖျားတက်တယ်လေ။
Phone ring***
" ဟျောင့် Wat ညကြရင် ဘားမှာဆုံမယ် သောက်ရအောင် " mann ကဖုန်းဆက်တယ်။"အေး လာခဲ့မယ် Tine ပါခေါ်ခဲ့မယ်"
"အေးအေး ရတယ် ဟိုကောင်တွေပါ ခေါ်ထားတယ်"
ဖုန်းချလိုက်ပြီး Tine ကိုနိုးရတော့တာပဲ ကောင်းပါတောာ တစ်ညလုံးသောက်ရင်တောင် ဒင်း အိပ်ချင်မှာမဟုတ်တော့ဘူး။
"Tine ထတော့ ၇နာရီထိုးတော့မယ် ခဏနေ Mann က bar ကိုလာခဲ့တဲ့"
"ဟုတ်လား အေးအေး မင်းအ၀တ်အစား ခဏငှါး ငါရေချိုးချင်လို့"
"အင်း ရတယ်"
ထုံစံအတိုင်းကျွန်တော့်အိပ်ယာ ကျွန်တော့်ရေချိုးခန်းအားလုံးက သူ့အပိုင်လိုပဲ။ ချစ်တဲ့ စိတ်တစ်ခုလေးနဲ့တင် အရာအားလုံးကို တတ်နိုင်သလောက် နားလည်ပေးခဲ့ချင်တယ် ဘာအကြောင်းပြချက်မှ မပါပါဘူး ။ချစ်တဲ့ စိတ်လေးကိုသာ ဦးတည်ပါတယ် ။အနည်းဆုံးတော့ မင်းကို ပျော်စေချင်တယ်Tine ။ကိုယ့်ကြောင့် မင်းကို အေးချမ်းစေချင်တယ် ။
YOU ARE READING
Be My Boyfriend
Любовные романы2gether (Sarawattine) ကိုအခြေခံ ရေးထားပါတယ် 💗+ But လုံး၀ကြီးတူနေတာမျိုး မဟုတ်ဘဲ ဇာတ်အိမ်ကို ကွဲထွက်နေအောင် ရေးပေးထားပါတယ်။