အခုချိန်မှာရွေးချယ်စရာ ဘာရှိလဲ? Wat ကို အဲ့gugu ဆိုတဲ့ မိန်းခလေးလက်ထဲ ထည့်ပေးရတော့မှာလား ဒါမဖြစ်ရဘူး သူ့ကိုငါမပိုင်ဆိုင်ရရင် ဘယ်သူ့မှ မပိုင်ဆိုင်ဘူး။
"huuuu"
"Tine!"
"P'Type! ဘယ်လာတာလဲ"
"အင်း မင်းဆီပဲလာတာ ဒါနဲ့ မျက်နှာ မကောင်းပါလား ညီ ဘာဖြစ်တာလဲ"
"အစ်ကို လူတစ်ယောက်ကို ချစ်ရတာ ခက်လားဟင် အစ်ကိုချစ်ဘူးတယ်မဟုတ်လား"
"အင်းချစ်ဘူးတာပေါ့ မခက်ပါဘူး မင်းထိန်းချုပ်ထားတာက ပိုခက်တာပေါ့ ဖွင့်ချပြလိုက်တာ အကောင်းဆုံးပဲ"
"ဒါပေမဲ့ သူကယောကျာ်းလေးတစ်ယောက်ဆိုရင်ရော"
"Tine ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းခလေးပဲဖြစ်ဖြစ် ချစ်မိပီဆိုရင် ဘာမှမတက်နိုင်ဘူး ယောကျာ်းလေးက မိန်းခလေးကိုပဲချစ်ရမယ်လို့ ဘယ်သူ့မှ မပြောခဲ့ဘူး မိန်းခလေးကလည်း ယောကျာ်းလေးဖြစ်မှ ချစ်ရတာမဟုတ်ဘူး လူဆိုတာနဲ့ အမျှ အချစ်တွေ အမုန်းတွေ အခြားခံစားချက်တွေ ကို ရင်ဆိုင်ရစမြဲပဲ ဒါတွေကို ကန့်သတ်ထားလို့မရဘူး "
"ဒါပေမဲ့ မခက်ခဲဘူးလား"
"Tine မိန်းခလေးတစ်ယောက်နဲ့ တွဲရင် ပိုလွယ်ကူလို့လား တကယ်တော့ ပိုလွယ်ကူတယ်ဆိုတာ မရှိပါဘူး။ ယောကျာ်းလေးတစ်ယောက်ကို ချစ်ရတာ ရှက်စရာ ကိစ္စမဟုတ်ဘူး အစ်ကိုက ယောကျာ်းလေးတွေနဲ့ တွဲနေလို့ ညီ့ကို အဲ့လိုပြောနေတာမဟုတ်ဘူး ညီစဥ်းစားကြည့်လေ မဖြစ်သင့်ဘူးဆိုပီး မချစ်ရင် ညီပဲခံစားရမှာ"
"ဒါပေမဲ့ ကျွန်တော် ကျွန်တော်က ယောကျာ်းလေးတိုင်းကို ကြိုက်တဲ့ Gay မဟုတ်ဘူး"
"အင်း အစ်ကိုသိပါတယ် မင်းသူ့တစ်ယောက်ကိုပဲ ချစ်တာ မဟုတ်လား အင်း အချစ်ဆိုတာ လူတစ်ယောက်ကို ချစ်မိသွားတာမျိုးပဲ ချစ်တယ်လို့ ဖွင့်ဟလိုက်ပါ ညီရယ်"
"ကျွန်တော် စဥ်းစားပါအုံးမယ် ကျွန်တော့်အတွက် အရမ်းခက်ခဲတယ်"
"အင်းပါ အစ်ကိုလာတာ မင်းကို ပြောစရာရှိလို့ "
"အော် ဟုတ် ပြောလေ"
![](https://img.wattpad.com/cover/217540284-288-k772411.jpg)
YOU ARE READING
Be My Boyfriend
Romance2gether (Sarawattine) ကိုအခြေခံ ရေးထားပါတယ် 💗+ But လုံး၀ကြီးတူနေတာမျိုး မဟုတ်ဘဲ ဇာတ်အိမ်ကို ကွဲထွက်နေအောင် ရေးပေးထားပါတယ်။