အခန်း - ( ၇ )

2.3K 200 9
                                    

နောက်တစ်နေ့နံနက် မိုးလင်းသော် ပစ္စည်း များ သိမ်းဆည်း၍ ခရီးဆက်ကြရပြန်လေသည်။ ညက မီးခိုးငွေ့တွေ့ရသော ဘက်သို့ ဦးတည်လျက် ခန့်မှန်းကာ သွားကြရသည်။ ခရီးလမ်းသည် ကြမ်းတမ်းသောကြောင့် သွားရသည်မှာ ထင်သလောက် မလွယ်ကူလှပေ။ မြေပြန့်တစ်နေရာသို့ ရောက်သော် မင်းဒင်တို့ အသုံးပြုသွားဟန်တူသော် ပစ္စည်း အနည်းငယ်နှင့် မီးဖိုထားသောပြာများကိုတွေ့ကြရလေသည်။ ကိုမင်းအောင်တို့ အဖွဲ့လည်း ပတ်ဝန်းကျင်တစ်ဝိုက်ကို လိုက်လံ စစ်ဆေးကြလေသည်။

" ကျုပ်တို့ ဒီနေရာမှာ ခဏလောက်နားပြီးမှ ခရီးဆက်ကြတာပေါ့.....။ "

ဆရာကြီးရဲ့စကားကို အကုန်လုံး က ထောက်ခံ၍ အနားယူရန်ပြင်ဆင်ကြလေသည်။ ထိုအချိန် ချုံအကွယ်မှ ကျားသစ်တစ်ကောင် ထွက်လာကာ ကိုခွန်စိုင်းနော် အား ခုန်အုပ်လိုက်လေသည်။မထင်မှတ်ထားသော အခြေအနေဖြစ်တာကြောင့် အားလုံးက မှင်သက်ကာ ကြည့်နေကြလေသည်။ ကိုခွန်စိုင်းနော် က ကျားသစ်ကြီးနှင့် လုံးထွေးကာ သတ်ပုတ်နေသည်။ သူ၏ ခါးတွင်ချိတ်ထားသော ဓားမြှောင်ကိုထုတ်ကာ ကျားသစ်ကြီးအား ပြန်လည်တိုက်ခိုက်လေ၏။ ကျားသစ်ကြီး၏ ပေါင်ကို ဓားမြှောင်စိုက်သွားသောကြောင့် ကျားသစ်ကြီးက ရုန်းလေရာ ကိုခွန်စိုင်းနော် လည်း နောက်သို့လဲကျလေသည်။ ကျားသစ်ကြီးက ဒဏ်ရာရသွားသောကြောင့် ဒေါသတို့ပို၍ထွက်လာကာ ကိုခွန်စိုင်းနော် အား ခုန်အုပ်ရန် ပြင်လေသည်။

" ဒိုင်း..."

ကိုမင်းအောင်ပစ်လိုက်သော ကျည်ဆံက ကျားသစ်ကြီး၏ရင်ဝ တည့်တည့်သို့မှန်သွားလေသည်။ ထို့နောက် ကျားသစ်ကြီး၏ ခန္ဓာကိုယ် က ကိုခွန်စိုင်းနော် အပေါ်သို့ပြုတ်ကျကာ ဆန့်တငင်ငင်ဖြင့် အသက်ထွက်သွားလေသည်။

" တော်ပါသေးရဲ့....ကျုပ်တော့ ကျားသစ်စာမိပြီမှတ်တာ...." ကိုခွန်စိုင်းနော် က ၎င်းအပေါ်မှ ကျားသစ်သေကြီးကို ဖယ်ထုတ်ကာ ရယ်ကျဲကျဲနှင့်ပြောလာမှသာ အားလုံးက သက်ပြင်းချနိုင်ကြလေသည်။သေသွားသော ကျားသစ်ကြီး၏ အလောင်းအား အနီးနားတစ်နေရာတွင် တွင်းတူး၍ မြှပ်နှံခဲ့ကြလေသည်။
°°°°°°°°°°°°

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now