အခန်း - ( ၉ )

2.2K 195 4
                                    

အိပ်ခန်းဆောင်အတွင်းတွင် အမွှေးရနံ့တို့ သင်းပျံ့နေလေသည်။ ထိုရနံ့များကြားတွင် ရတီတစ်ယောက် ပြေးလွှားကာ တစ်စုံတစ်ယောက်ကို ရှာဖွေနေမိသည်။ ခပ်ဝေးဝေးက ပုံရိပ်လေးကို မြင်သောကြောင့် လှမ်းခေါ်ရင်း အသည်းအသန်ပြေးလိုက်သော်လည်း ထိုအရိပ်ကလေးသည် တဖြေးဖြေး ဝေး၍သွားလေသည်။ ထို့နောက် ထူးခြားသော ရနဲ့တစ်မျိုးက ရတီ့နှာခေါင်းထဲသို့ စူးရှစွာဝင်လာသောကြောင့် မျက်လုံးတို့ဖျက်ခနဲ ဖွင့်လိုက်သည်။

" ဘုရားရေ! ငါ ဘယ်ကိုရောက်နေပါလိမ့်......"

အိပ်နေရာမှ ကုန်းရုန်းထကာ အခန်းကို ပြူးပြဲကြည့်မိလေသည်။ ခမ်းနားလှသော အသုံးအဆောင်များဖြင့် အလှဆင်ထားသည်မှာ ရှေးနှစ်ပေါင်းများစွာကို ပြန်ရောက်နေရသလိုပင်။ အရာအားလုံးဟာ ရွှေရောင်တလက်လက်ဖြင့် အရောင်တောက်နေသော ပစ္စည်းဖြင့် ပြုလုပ်ထားသည်။ ရတီလည်း ပစ္စည်း များကို စူးစမ်းကြည့်ရာ ရွှေသားစစ်စစ်ဖြင့်ပြုလုပ်ထားသော ရှေးခတ်လက်ရာများသာ ဖြစ်ကြောင်း သိရလေသည်။

" နိုးနေပြီလား......."

ပစ္စည်းများကို ကိုင်ကြည့်နေတုန်း နောက်ကနေ ထွက်ပေါ်လာသော အသံကြောင့် ရတီလည်း လန့်ကာ နောက်သို့လှည့်ကြည့်လိုက်လေသည်။ စူးရှပြီး ပြတ်သားသော မျက်လုံးများဖြင့် ရတီ့ကို စိုက်ကြည့်နေသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သာယာသော အသံဖြင့် စကားဆိုလာသော ထိုမိန်းကလေး၏ ပုံသဏ္ဍာန်မှာ အလွန်ပင် ကြည့်ကောင်းလှပေသည်။ ချောမောလှပသော မိန်းကလေး တစ်ယောက်ဟု ဆိုနိုင်သော်လည်း အထူးခြားဆုံးမှာ သူမရဲ့ မျက်လုံးများ ပင် ဖြစ်လေသည်။ သူမ၏ မျက်လုံးများသည် သာမန်လူများကဲ့သို့ မဟုတ်ပဲ ထူးခြားစွာ အရောင်လဲ့နေလေသည်။ ထိုမိန်းကလေးက ရတီရပ်နေရာ တည့်တည့်သို့ လျှောက်လာလေသည်။ သူမနှင့် နီးလာလေ သင်းပျံ့မွှေးကြိုင်သော ရနံ့တစ်မျိုးက ပို၍ပင် ပျံလွင့်လာလေသည်။

" မင်းကိုကြည့်ရတာ ဒီနေရာကို အရမ်းစိတ်ဝင်စားပြီး သိချင်နေတဲ့ ပုံပဲ...."

" ရှင်က ဘယ်သူလဲ ပြီးတော့ ဒီနေရာကို ကျွန်မ ဘယ်လိုရောက်လာတာလဲ "

အတ္တမဲ့ ချစ်ခြင်း Donde viven las historias. Descúbrelo ahora