အခန်း - ( ၁၁ )

2.3K 200 15
                                    

အကျဥ်းထောင်သည် တိတ်ဆိတ်လို့နေသည်။ အလှည့်ကျ ကင်းစောင့်နေသော အစောင့်များက တာဝန်အရ လှည့်ပတ်သွားနေလေသည်။ တိုက်ခန်းဖြစ်သောကြောင့် ကြမ်းခင်းသည် အေးစက်ကာ ခြင်တွေကလဲ ဘက်ပေါင်းစုံကနေ နည်းမျိုးစုံဖြင့် ကိုက်၍သာနေသည်။ထို့ကြောင့် သုံးယောက်သား မအိပ်ပဲ ငုတ်တုတ်သာ ထိုင်နေကြသည်။

" တို့တွေက ဒီမှာ ဖမ်းမိနေပြီ ဆရာကြီးတို့ကို ဘယ်လိုလုပ်မလဲ ကိုမင်းအောင်.....ကျုပ်တို့ကို စိတ်ပူနေတော့မယ်...."

" အင်းဗျာ......ကျွန်တော်လည်း စဥ်းစားနေပါတယ် အရင်ဆုံး မီးစင်ကြည့်ကရမှာပဲ.....။ "

" တို့တော့ အဝင်လမ်းမှားလာပြီနဲ့တူတယ်........"

ကိုစောထွေးရဲ့ စကားကို ကိုခွန်စိုင်းနော် က ခေါင်းညိမ့်၍ ထောက်ခံလိုက်လေသည်။

" အဝင်လမ်းမှားတာဆိုတော့ အထွက်လမ်းတွေ့ဖို့မမြင်ပါဘူးဗျာ....."

" လိုလျှင်ကြံဆ နည်းလမ်းရတဲ့ဗျာ့....အဲတော့ ဟိုကြံဒီကြံတော့ ရှာကြံကြည့်ရဦးမယ်......"

" ဒါနဲ့ ကျုပ်တို့ကို ဖမ်းထည့်ထားပေမယ့် ပစ္စည်း တွေကိုလဲ သိမ်းမသွားဘူး...."

" ဟုတ်သားပဲ အဲဒီ့အချက်ကိုမေ့နေတာ.....ကျုပ်တို့မှာ သေနတ်ပါလာတာပဲ အဆင်ပြေအောင်ကြည့်လုပ်ရမှာပေါ့......"

" ကဲ.......ခင်ဗျားတို့လည်း မအိပ်တော့ဘူးဆိုရင် ဒီညအဖို့ နည်းလမ်းစဥ်းစားရင်း အစီအစဥ်ချရအောင်......"

ကိုမင်းအောင် စကားကြောင့် သုံးယောက်သား ခေါင်းချင်းဆိုင်ကာ တိုင်ပင်ကြလေသည်။ တစ်ညလုံး နည်းလမ်းပေါင်းစုံစဥ်းစားရင်း မိုးလင်းမည်ကိုသာ ထိုင်စောင့်နေကြသည်။ ဒီနေ့ကတော့ ဘာမှလုပ်လို့မရသေးသည်မို့ မနက်ဖြန်မှ အစီအစဥ်ကို လှုပ်ရှားရပေမည်။ခရီး ပင်ပန်းလာသော ဒဏ်တွေကြောင့် ဘယ်လောက်ပင် မအိပ်ဘူးပြောပြော မနက်မိုးလင်းခါနီးမှ အားလုံး အိပ်မောကျကြလေသည်။ အခန်းအုတ်နံရံပေါက်ကြားကနေ ကျိုးတိုးကျဲတဲ ဝင်လာသော နေရောင်ကြောင့် အားလုံး အိပ်ယာနိုးကြလေသည်။ခဏအကြာ သံတိုင်တွေကို ရိုက်သံကြားရပြီး ကိုမင်းအောင်တို့ သုံးယောက်အား လာခေါ်လေသည်။ ခမ်းနားကြီးကျယ်ကာ ရွှေရောင်များ တဖိတ်ဖိတ် တောက်ပနေသော ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား ငေးမောရင်း အားလုံးက ပါးစပ်အဟောင်းသားဖြစ်နေကြလေသည်။ လူအများကြီး ရပ်လျက်ရှိရာ လမ်းအလယ် အတိုင်းသွားရင်း တစ်နေရာသို့ရောက်သော် ရပ်ခိုင်းပြီး ဒူးထောက်ထားဟုပြောလာသောကြောင့် ကိုမင်းအောင်တို့လဲ ဒူးထောက်လျက်သာ ငြိမ်သက်နေကြသည်။ခဏအကြာတွင် ခရာမှုတ်သံကဲ့သို့သော အသံမျိုးကို ကြားကြရသည်။

အတ္တမဲ့ ချစ်ခြင်း Tempat cerita menjadi hidup. Temukan sekarang