" ဘုရင်မကြီး ကြွလာပါပြီ......."
အခန်းရှေ့ကနေ အသံကြားသောကြောင့် ရတီလဲ ထိုင်နေရာမှ ထရပ်လိုက်သည်။ အခန်းတံခါးပွင့်သွားပြီးနောက် ဘုရင်မကြီးက ရတီရှိရာသို့ လျှောက်လာလေသည်။
" မအိပ်သေးဘူးလား...... "
" အဖမ်းခံထားရတဲ့အခြေအနေမှာ
ဘယ်သူက အိပ်ပျော်နိုင်ပါ့မလဲ...."" ဒါဆို.....လမ်းလျှောက်ထွက်မလား"
" လမ်းလျှောက်?"
" အင်း........"
ဘုရင်မကြီးက ရတီ့လက်ကို ဆွဲခေါ်ကာ ရှေ့ကနေသွားလေသည်။ ဂူပေါက်တစ်ခုကို ဖြတ်ပြီးနောက် အလွန်လှပသော နေရာတစ်ခုသို့ရောက်လေသည်။
" ဒါ.....ဒါက ဘယ်နေရာလဲ လှလိုက်တာ "
" လျှို့ဝှက်ဥယျာဥ်တော်ပဲ ရတီ...."
" ဘာလို့ ရတီ့ကို ဒီကိုခေါ်လာတာလဲ"
" ဒီနေရာက ငါတစ်ယောက်ပဲ သိတဲ့နေရာပဲရတီ....ဒီနေရာက စိတ်တွေကိုပေါ့ပါးစေတယ် အခုမင်းလဲ သိသွားပြီဆိုတော့ အချိန်မရွေး လာလို့ရပါတယ်"
" ဘုရင်မကြီး......"
" ငါမင်းကို မချုပ်ထားတော့ပါဘူး လွတ်လွတ်လပ်လပ်နေလို့ရပါတယ် ဒါပေမယ့် ဒီကနေ ထွက်ပြေးလို့တော့မရဘူး ရတီ....."
" ........."
" ငါ့အမိန့်နာခံနေသရွေ့ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး ရတီရဲ့....."
" ဘာလို့ ရတီ့ကို ဒီတိုင်းပြည်မှာ နေခိုင်းချင်တာလဲ "
" မင်းငါ့ကို မကြောက်ဘူးလား ရတီ....ငါ့ကို ဒီလိုပြန်ပြောပြီး မလေးမစားလုပ်တာဆိုလို့ မင်းတစ်ယောက်ပဲတွေ့ဖူးတယ်......."
ရတီလဲ ဘုရင်မကြီး ဘက်သို့လှည့်ကာ မျက်လုံးချင်းစုံအောင်ကြည့်လိုက်မိသည်။
" အဲဒါတော့ ရတီလဲ သေချာမသိဘူး သူ့အလိုလိုကြောက်စိတ်မရှိတာ....."
" ဘယ်လို......"
ဘုရင်မကြီးက ရယ်လျက် ခုံတစ်ခုပေါ်သို့ဝင်ထိုင်လေသည်။ရတီ့ကိုလည်း ထိုင်ရန်ပြောသောကြောင့် ဘေးချင်းကပ်ဝင်ထိုင်လိုက်သည်။
ŞİMDİ OKUDUĞUN
အတ္တမဲ့ ချစ်ခြင်း
Macera( Unicode ) " မင်း စိတ်ကြိုက် ရွေးချယ်လိုက်ပါ ရတီ.....။ မင်းအလို ရှိရာ ဖြည့်ဆည်းပေးမယ့် သူဟာ ငါပါ.....။ မင်းဆန္ဒရှိတယ်ဆိုရင် မင်းရှာနေတဲ့အရာတောင်မလိုပဲ ငါမင်းကို ပြန်ပို့ပေးနိုင်ပါတယ်။ အမြဲတမ်း အနိုင်ရနေတဲ့ ငါလို ဘုရင်မတစ်ပါးက အချစ်ရဲ့နွံမှာ နစ်မိလ...