အငြိုး တွေက မိုးသားအသွင်
ရွှာသွန်းခဲ့လျှင် ထိုမြေသားက
ကျိန်စာသင့်ခြင်းအထိန်းအမှတ်တစ်ခု....။အမုန်းတွေက လေဟာနယ်တစ်ခွင်
ဝေ့ဝဲပျော်မြူးဖြတ်သန်းခဲ့လျှင်
မိုးသားတွေက ငိုကြွေးပေးရ၏.....။ငါသည်လည်း ငါ၏ အမုန်းတရားအတွက်
အငြိုးမြစ်တစ်စင်း ကို မင်းရင်ခွင်တစ်လျှောက်
စီးဆင်းစေရင်း... အမုန်းမြစ်ဖျှားတွေ
ခံယူစေသတည်း......။အမုန်းဖြစ်တည်ရာ အမုန်းအတွက်
အမုန်းတွေ ဆင့်ကဲဖြစ်ပွားစေ ရန်
ကမ္ဘာမြေကုန်သည်တိုင် ငါမင်းကိုမုန်းမည်
ထိုလောက်ပင် ငါမင်းကိုမုန်းသည်။
.
.
.အကို့အပေါ်ထားတဲ့အမုန်းတရားတွေအတွက်
ညီဖြစ်သူက ခံယူပေးရတာ
ငါ့အတွက်ကတော့ သဘာဝကျတယ်။ပညာရေးဝန်အမတ်ကြီး xiao zixuan ရဲ့
နလုံးသားက မင်းဆိုတော့လည်းငါက ခွင့်လွတ်ပေးစရာ ရှိတော့မည်မထင်
လူမဆန်တဲ့ မင်းအကိုအတွက်
ငါ့အမ ပေးဆပ်နေရသလိုငါ့အတွက်ကြောင့်မင်းသည်လည်း
စိတ်ဆင်းရဲ ဒုက္ခရောက်နေရမည်။ဒါဟာပြိုင်ပွဲတစ်ခုဆို....
မင်းဟာ ငါ့ရဲ့သားကောင်ပဲ Xiao Zhanမင်းဟာ ငါလက်ထဲကသားကောင်ပဲ။
အိမ်ရှေ့စံ Wang YiBoမွေးချင်းအမတော် Wang Yan Li
တစ်ဦးသာ ရှိ၏။သားတော်တစ်ပါးသာထွန်းကားခဲ့သော
Wang မင်းဆက်တွင် သူသည်မမွေးလာခင်ကထဲက
ဘုရင်ဖြစ်ဖို့....တစ်လောကလုံး ကစောင့်ကြိုနေရသည်။
YOU ARE READING
မုန်း၍ချည်သောနှောင်ကြိုး.."Completed"
Historical Fictionအမုန်းတွေနဲ့ချည်ပြီးချစ်မိသွားတဲ့အရှင် တစ်ယောက်ရဲ့အကြောင်း..