ကြက်ခြံထဲမှ
ကြက်ဥတွေကောက်အပြီး
တစ်ခဏ ကြာသည်အထိ
သူသည်ဆင်းသွားသော
တောင်စောင်းမှအခုထိတတ်မလာခဲ့သေးချေထိုကြောင့်အနီးနားက
သစ်ပင်တစ်ပင်နားတွင်
ဥချင်းပိုက်ကာ သူ့အားစောင့်နေမိခဲ့သည်။##ဘဝမှာဒီလိုတွေဖြစ်လာမယ်လို့
တစ်ခါမှ မတွေးခဲ့ဖူးပါမျက်လှည့်လိုတစ်ခဏအတွင်း
သူကဘယ်သူလဲဆိုတာကို သိခဲ့ရပြီး
ေနာက် ခဏလေးမှာပင်ဒီလိုလွန်ဆန်၍
မရသော အခြေနေတစ်ခုသို့ရောက်ရှိခဲ့ရ၏ထပ်၍ မျက်လှည့်ဆန်ခြင်းတွေနဲ့
ဘဝအား ရှေ့ဆက်ရတော့မည်သာ...သူဒီကလွတ်လမ်းတစ်ခုခု
အမြန်ဆုံးရှာတွေ့ပါစေဟုဆုတောင်း
နေမိသည်။အဘယ်ကြောင့်ဆို
ခလေးမီးဖွားဖို့ က မကြာသော
လများတွင်ရောက်ရှိလာတော့
မည်မဟုတ်ပါလားဒီကိုယ်ဝန်စရှိကထဲက
သူ့ကိုအရမ်းတွယ်တာနေမိတာက
ဟိုးစစထဲကသာဒီခလေးကသူ့ရဲ့ရင်ငွေ့ဖြစ်တည်မူ့တွေကို
လိုအပ်နေသည်မှာ ထူးဆန်းလှ၏တခြားမကြည့်နှင့် အရင်က
အစားတစ်ခုဝင်ဖို့ ၃ ခါလောက်အန်ပြီးမှ
စားလို့ရပေမယ့် အခု အစားဆင်းရဲနေသည့်ကာလမှာပင်
စားရသောက်ရအဆင်ပြေနေ၏ပြီးအမြဲ မူးဝေနေတတ်သောခေါင်းသည်လည်း
ဒီရောက်လာကထဲက ကြက်ပျောက်ဌက်ပျောက်ဒီခလေးက အရမ်း ဟိုလူ့အပေါ်
ဘက်လိုက်လွန်း၏"မင်းက မယ်မယ့်ကိုအရမ်းဒုက္ခပေးပြီး
ဟိုလူကိုကြ မမွေးခင်ကထဲက
သိတတ်နေလိုက်တာ အစွမ်းကုန်ပဲ
မင်းမယ်မယ့်ကိုပဲချစ်ရမယ်ကြားလား
ဟိုလူကလူဆိုးကောင်
သူကမကောင်းဘူး ဒါကြောင့်
မယ်မယ့်ဗိုက်ထဲနွေးနွေးထွေးထွေး
နေပြီး မယ်မယ့်ကိုပဲချစ်ပေးရမယ်ကြားလား ဒါဆို မယ်မယ်မင်းခလေး
စားချင်တာတွေ.ကျွေးမှာ...
လိမ္မာနော်ခလေးလေး""ဟက်...
ကိုယ်ပြန်ရောက်လာသည်ကိုမသိ
ဗိုက်လေးပွတ်ကာ ခလေးကို
မဟုတ်တာတွေပြောနေသူလေး
ကိုယ့်ကိုလည်းမြင်ရော သူခိုးလူမိဖြစ်သွားပြီလေ ဒီတော့ မျက်နာလေးကရဲတတ်လာရော.....
သူထိုင်နေသောအပင်ဘေး
မုဆိုးဒူးထောက် ထိုင်လိုက်ကာ
ပူနေပြီဖြစ်သော ဗိုက်လေးအပေါ်
လက်တင်ရင်း"
YOU ARE READING
မုန်း၍ချည်သောနှောင်ကြိုး.."Completed"
Historical Fictionအမုန်းတွေနဲ့ချည်ပြီးချစ်မိသွားတဲ့အရှင် တစ်ယောက်ရဲ့အကြောင်း..