အခန်း။၅။သူ၏သာယာမူ့ကိုသာဦးစားပေးသူ

16.4K 1.3K 143
                                    

မင်္ဂလာ အခန်းနားကို
အကိုတော်တတ်ရောက်ခဲ့ပေမယ့်
မပျော်ရွင်တာသိသာနေပါသည်

မမလည်းမျက်နာမလှ

သူ့ကိုတချက်လေးတောင်မကြည့်ခဲ့

ခမ်းနားသော မဂ်လာ
အခန်းနားတစ်ခုကတိတ်ဆိတ်စွာ
ပြီးဆုံးခဲ့ရသည်

မပြီးဆုံးမည်ကရင်ဘက်ထဲကအမုန်းများသာ

အိမ်ရှေ့စံ မင်းကြီးနဲ့သွားတွေ့ချိန်
ခဏသာလာပြီး

ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့မှာကာ
ပြန်သွားသောအကိုတော်ကိုလည်း
အပြစ်မမြင်မိ.

ဒီအချိန် ဒီလိုနေရာမှာ
ကိုယ့်မျက်နာကြောင့်သာ
ခုလိုသူဟန်ဆောင်ပေးခြင်း..

မဟုတ်ရင် သွေးချောင်းစီး
မူ့ဖြစ်သွားနိုင်သည်ပင်။

ညဦးယံရောက်ချိန်တွင်နန်းဆောင်တခုလုံး
တိတ်ဆိတ်ငြိမ်သက်နေသည်..

သူအခုထိပြန်မလာသေးပါ

မင်္ဂလာ အခန်းနားပြီးသည့်အချိန်ထဲက
ခုထိသူ့အားမတွေ့ရသေး

သို့ပေမယ့်
ဒါလည်းတမျိူ းကောင်းသည်ပင်

စစထဲကရင်မဆိုင်ရဲသည်မို့
အဆင်ပြေလှသည်.

မျက်နာချင်းဆိုင်
တွေ့ရင်လည်းပြသနာသာအရှာမှာမို့
အပျိူတော်အဆောင်ဘက်သာ
ဦးတည်လိုက်မိသည်...

စစထဲကသူများမနှင်ပဲသိတတ်
တာကပိုကောင်းမည်မဟုတ်ပါလား..

အနည်းဆုံး သိက္ခာတော့ထိန်းနိုင်မည်သာ။

ထိုအပျိူတော်အဆောင်
ပေမယ့် အပျိုတော်များက

အတွင်းဆောင်တွင်သာ လူစုအိပ်တတ်သည်မို့

ဧည့်ဆောင်လေးထဲတွင် ရှောင်ကျန့်
အနားယူခွင့်ရရှိခဲ့၏

ဒီအဆောင်တော်မှ
မိန်းမပျိူ လေးတို့သည်.စိတ်ကောင်းသည်ဟုပင်
ပြောရမည်...

ရှောင်ကျန့်အား ကြင်နာကြကာ
မောင်လေးတစ်ဦးလို ဂရုစိုက်ပေးကြ၏

ကိုယ့်အတွက်အစစ အရာရာ
ပြင်ဆင်ပေးကြသည်

ခြေလက်သန့်စင်ပြီး
တမနက်လုံးနွမ်းထားရသည်မို့
မျက်တောင်များလေးလာကာ
အိပ်ဆက်ခြင်းဆီကိုရောက်ရှိခဲ့ရသည်။

မုန်း၍ချည်သောနှောင်ကြိုး.."Completed"Wo Geschichten leben. Entdecke jetzt