"မယ်မယ် ထမင်းလေးနည်းနည်းစားပါ"
"မစားချင်ဘူး"
"မစားလို့မရပါဘူး မယ်မယ်
မယ်မယ်အရမ်းအားနည်းနေတော့""ငါမစားဘူးလို့ပြောပြီးပြီနော်"
"မနက်က မယ်မယ် သုံးခါတောင်အန်ထားတာမို့
မျက်နာတော်ပါ ကျနေပါပြီ
ကျတော်မျိုးမတို့ကိုသနားရင်စားလိုက်ပါနော်""မစားဘူး မစားဘူး သွားကြ!!!"
***မနက်မိုးလင်းကထဲက
အစားတစ်လုတ်မှမဝင်သေးသော
မယ်မယ် ဖြစ်သူအား အစားစားဖို့
ပြောနေရင်း သူတို့မျက်ရည်တွေပါဝဲလာခဲ့၏တကယ်ကိုပြောရခက်နေသော
မယ်မယ်သည် အိပ်ယာထဲတွင်သာ
အိပ်နေပြီး လုံးဝဘာမှကျွေးလို့မရသေးချေအရင်လို ကိုယ့်ကိုကိုယ် ထိခိုက်ထားတာတွေ
မလုပ်တော့ပေမယ့် အစားကတော့ကျွေးရခက်နေသေး၏***"အရှင်ကမှာထားတယ် မယ်မယ်
မယ်မယ်အစားမစားရင်သူ့ဆီကို
အကြောင်းကြားပေးရပါမယ်တဲ့
အဲ့တာ ကျတော်မျိုးမတို့...""အဆောင်ထဲကနေခြေတလှမ်းကျွံကြည့်
ကျွံတဲ့ခြေထောက်ကိုငါဖြတ်ပစ်မယ်
ဒါ ငါ့အဆောင် ငါ့အမိန့်ကိုဖီဆန်ဖို့ရဲရင်
ဖီဆန်ကြလေ ""မယ်မယ်! !!"
***တစ်ခါမှ အခုလို တွေမပြောဖူးသော
မယ်မယ့်ဆီက ဒီစကားကြားရတော့
သူတို့ဝမ်းနည်းထိန့်လန့်သွားရ၏မယ်မယ် တကယ်ကို စိတ်ထိခိုက်ဝမ်းနည်းနေတာပဲ
ဒါပေမယ့်
ဒီအတိုင်းပေးနေဖို့ကလည်း
အရှင့်အမိန့်က ခေါင်းကိုပျောက်စေမည့်အရာမို့
တော်တော်လေးခက်လှပါ၏။***"အရှင်မင်းကြီး ကြွချီတော်မူလာကြောင်းပါ"
"ဟင်!!!!!"
ရုတ်တရက်ကြီး ရောက်ချလာသောအရှင်ကြောင့်
လန့်ဖျန့်သွားကြသူများအခုချိန်ထိမယ်မယ်ဘာမှမစားရသေးတာ
သိရင်....."အရှင့်ကိုဂါရဝပြု ပါတယ်။"
"လှောင်အိမ်ကိုယူလာကြ"
အရှင့်အမိန့်သံကြောင့်
အရှေ့ကနေရပ်နေကြသူများသည်
သံလှောင်အိမ်တစ်လုံးအား
အဆောင်ထဲသို့ယူလာကြ၏
ESTÁS LEYENDO
မုန်း၍ချည်သောနှောင်ကြိုး.."Completed"
Ficción históricaအမုန်းတွေနဲ့ချည်ပြီးချစ်မိသွားတဲ့အရှင် တစ်ယောက်ရဲ့အကြောင်း..