မနေ့ကသူပြောထားသည့်နေရာသို့
ညအမှောင်လေးစလွမ်းတာနှင့် အိမ်တော်ကနေထွက်လာခဲ့မိသည်။အကိုတော်က
ညနေနန်းအစည်းဝေးကြောင့်
နောက်ကျမှာဖြင့်သဖြင့်ပြသာနာမရှိလှပါ။ကိုယ်သည်
ဟိုမှာသာအမှားမလုပ်မိရန်နေရမည်ပင်။ကြောက်စိတ်နှင့်တရွှေ့ရွှေ့လှမ်းလာရင်း
ထိုနေရာဆီသို့ရောက်သွားခဲ့သည်။အဆောင်ဝတွင်မူ
မြင့်မားသောလူနယောက်က
အရှေ့မှာရပ် စောင့်နေသည်ကိုတွေ့ရသည်။
ကြည့်ရတာ သူ့ဆီလမ်းပြပေးဖို့လူတွေသာပင်ဝင်လာရင်း ဝင်လာရင်း
အဆောင်အခန်းတွေဆုံးတော့
ရေကန်အလယ်က
ဇရပ်လေးတခုကိုမြင်ခဲ့ရသည်။လူတွေလဲရူတ်နေသည်။
မိန်းခလေးများကလဲ
အရှက်ကင်းစွာယောက်ကျားတွေကိုယ်ပေါ်တွင်
မှီတင်ထားသည်။.ဘဝမှာပထမဦးဆုံးအကြိမ် ကြုံရသည်မို့စိတ်ဘဝင်မကျလှ။
*မင်းရောက်လာသားပဲ
ငါ့စိတ်ထင်မလာဘူးထင်နေတာ
Hk မင်းကဘယ်ဆိုးလို့လဲ*သူ့ရဲ့ဘေးမှာလဲ မိန်းခလေး၂ယောက်
တဖက်ဆီနဲ့၊ အရက်ငဲ့ပေးသူကငဲ့ပေးနေကာ
ဖက်ပွေ့ကလူနေတာလည်းရှိနေသည်။ကိုယ့်ကိုလည်း တခြားလူတွေကလဲ
စူးစိုက်ကြည့်နေကြသည်မို့်
အရှက်တရားကပိုလာပေမယ့်လဲ
ဘယ်မှထပ်မကြည့်တော့ကာ..စောင်းအရှေ့ ထိုင်လိုက်မိသည်
မြနိမြန်ပြီးရင်မြနိမြန်ပြန်ရပြီမဟုတ်လား။
.
.
.
စောင်းသံလေးငြိမ့်ညောင်းစွာ
ထွက်လာနေသည်။လပြည့်ညရယ်...ရေစီးသံရယ်
စောင်းသံရယ်က ဒီနေ့ညအတွက်
သာယာစရာအတိ...သာယာစွာပတ်ဝန်ကျင်တခုလုံးအား
ဆွဲဆောင်နေနိုင်ခဲ့သည်။.
.အချိန်တခုစာကြာညောင်းစွာ
စောင်းတီးပြီးနေစဉ်
လူတယောက်အနားသို့လာနေသာ်ကို
သိသည်။သို့်ပေမယ့်မော့မကြည့်ရဲလှ။
မထင်မှတ်ထားသောအပြုအမူတစ်ခု။
YOU ARE READING
မုန်း၍ချည်သောနှောင်ကြိုး.."Completed"
Historical Fictionအမုန်းတွေနဲ့ချည်ပြီးချစ်မိသွားတဲ့အရှင် တစ်ယောက်ရဲ့အကြောင်း..