##ဆောင်းမနက်ခင်းဟာ
သိပ်အေးမှန်း သိပေမယ့်
အခုလောက်ထိအေးမယ်မှန်းကတော့ မမှန်းဆခဲ့ဖူးချေတောတောင်၏
လူခေါင်လွန်းတဲ့နေရာမှ
မနက် ၆နာရီသည် ညသန်းခေါင်အလား မှောင်မိုက်လို့နေခဲ့သည်။##ညကထဲက သူပုဇွန်ကင်
ထပ်စားမည်ပြောထားသဖြင့်တဲနောက်ဘက်က
ဟိုကောင်လေးပေးထါးသော
ကျောက်ထွင်းခွက်ထဲမှ
ပုဇွန်တစ်ချို့အားသွားနှိုက်ကာ
ရေနွေးတည်ရင်း မီးတချို့ဆွဲထုတ်ကာဘေးတွင်
ကင်ဖို့လုပ်ရတော့၏ရေနွေးတည်ပြီးရင်
စိုက်ခင်းထဲကခူးလာသော
အသီးတချို့က
မလောင်ဌတော့သည်မို့
ထပ်မံသွားခူးကာ
မနက်ခင်ပြင်ပေးရတော့မည်သာသူအိပ်ကောင်းနေသည်မို့
မနိုးရက်တော့ပါထိုကြောင့်သူအိပ်ပျော်နေတုန်း
ခပ်မြန်မြန် လုပ်စရာရှိတာတွေ
လုပ်ထားလိုက်သည်။ပုဇွန်တွေကိုလည်းကင်ပြီးပြီမို့
အရွက်နဲ့ထုတ်ပိုးကာ
အခန်းထဲက မီးဖိုလေးဘေး
မအေးသွားအောင် ကပ်၍ချထား
ပေးလိုက်မိသည်။နိုးလာရင်မင်းစားဖို့ကိုယ်အဆင်သင့်
လုပ်ပေးခဲ့ပြီးပြီအပြင်မှာဘယ်လောက်
အေးအေးပါ လေလုံသော
အခန်းလေးရယ်ကောက်ရိုးတုံး
ကြမ်းခင်းရယ်ခပ်လှမ်းလှမ်း က
မီးဖိုလေးရယ်ကြောင့်
နွေးထွေးလို့နေခဲ့၏ထိုစဥ် ဝါးလှောင်အိမ်လေးထဲမှ
ယုန်ဖြူသည် လှုပ်နိုးလာခဲ့သည်။"မင်းနိုးနေပြီလား ဖြူဖွေး
ရော့ ဥနီဝါးထား
မင်းသခင်မနိုးသေးတော့
မင်းလည်းဒါလေးစားထားပြီး
ပြန်အိပ်ထား
အဲ့တာဆိုငါအခုစိုက်ခင်းဘက်
သွားရင်မင်းအတွက်ဥနီ ခူးခဲ့ပေးမယ်""#တဂျွတ်ဂျွတ်နဲ့ အသီးဝါးကာ
စားနေသူလေး မုန်လာဥတစ်လုံး
ကုန်တော့ ပြန်အိပ်လိုက်၏"#"လိမ္မာတယ် ဒါဆိုမင်းသခင်နဲ့
အတူတူအိပ်နှင့်ခဲ့တော့
ငါသွားအုံးမယ်။"အိမ်တံခါးအားပိတ်ကာ
အသစ်ခူးဖို့ ချင်းကြီးကြီးအား
ယူကာထွက်သွားသူ
ESTÁS LEYENDO
မုန်း၍ချည်သောနှောင်ကြိုး.."Completed"
Ficción históricaအမုန်းတွေနဲ့ချည်ပြီးချစ်မိသွားတဲ့အရှင် တစ်ယောက်ရဲ့အကြောင်း..